Episode 17

35.7K 2.7K 180
                                    

မိုးရာသီရဲ့စိုထိုင်းထိုင်းအငွေ့အသက်
တွေဟာ သွားလာသမျှနေရာတိုင်းမှာ
နေရာယူနေလေသည်။

အေးစိမ့်စိမ့်လေထုကြောင့် ကိုယ်ပေါ်က
ချည်သားအကွက်အင်္ကျီလက်ရှည်အပါးလေးနဲ့
လက်နှစ်ဖက်ပိုက်ကာ ကိုယ်ကိုကျုံ့မိသည်။

သုံးလကျော်ဆိုတဲ့အချိန်အတွင်း ချုပ်ရိုးဖြေထားတဲ့
လက်တစ်ဖက်ဟာ အလုံအလောက်ကို
သက်သာကောင်းမွန်နေပြီဖြစ်သည်။

"ဒီလိုလက်မျိုး နောက်ထပ်လိုချင်ပါတယ်ဆိုတောင်
ဒီလောက်အနုပညာဆန်တာမျိုးထွက်လာမှာ
မဟုတ်ဘူး....

ကြည့်စမ်း... ဒီကွဲကြောင်းလေးတွေက
သစ်ခက်တွေလိုပဲ...ဘယ်လောက်မိုက်လဲ''

ဝီလျံပြောသည်ကို အားပါးတရရယ်မောမိသည်။

လက်ဖဝါးပြင်ထက် ချုပ်ရာကြီးတွေနဲ့လက်ချောင်း
ကြားလေးတွေကအမာရွတ်ခြစ်ရာလေးတွေဟာ
မြင်မိတဲ့သူ နောက်တစ်ခါပြန်လှည့်ကြည့်နိုင်အောင်
စွမ်းနိုင်သည်။

"အယ်...ကိုထည်ရဲ့လက်က ဘာတွေလဲ''

"အမလေး''

အလုပ်လုပ်နေစဉ်က ဝတ်ထားမိတဲ့လက်အိတ်
အညိုလေးချွတ်မိတဲ့အခါ မြင်မိတဲ့လူတွေ
အံ့သြကုန်ကြသည်။

"မွေးရာပါလားဟင်''

"ဟယ်..ပေါက်ပေါက်ရှာရှာ...ညည်းကလည်း
ဒီလောက်အမာရွတ်တွေကို...''

ထမင်းစားချိန်ခဏလေးမှာ အကုန်လုံးဟာ
သူ့လက်ဆီကို အာရုံစုပြုံလာကြသည်။

အသားမြောင်းတက်နေသည့်လက်ဖဝါးပြင်ကို
ထိကိုင်ကြည့်ရင်း အသည်းယားကြသူနှင့်
နီရဲနေသည့်နောက်လက်ဖဝါးပြင်ကိုကြည့်ကာ
သနားကြသူတွေလည်းရှိသည်။

"ကျွန်မတို့ဆို အဲ့လိုဒဏ်ရာတွေနဲ့ရွံ့ဖို့
ကောင်းနေမှာ ... ကိုထည်မို့လို့...
လက်ဖဝါးပြင်လေးဆိုရဲနေတာ...
ပေါက်ထွက်တော့မဲ့အတိုင်းပဲ..
နာလားဟင်''

မထိတထိကိုင်ကြည့်ရင်း မေးကြစမ်းကြသည်။

စစချင်းရှက်ရွံ့မိပေမဲ့ သူတို့အမေးစကားများကြား
လှောင်ပြောင်နေခြင်းတွေမရှိတော့
စိတ်သက်သာရမိတာတော့ အမှန်ပင်ဖြစ်သည်။

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now