Episode 30

37.8K 2.7K 117
                                    

"အပြန် လာကြိုမယ်''

လက်ဖဝါးတစ်ဖက်ကိုဆုပ်ကိုင်ရင်း လွှားကိုကြည့်ကာ
ပြောသည်။ ကားမောင်းလာသည့်တောက်လျှောက်လည်း
ကိုင်လာတာဖြစ်၏။

တစ်ခါတလေ မထင်ရင်မထင်သလို လက်ကို
ဆွဲယူနမ်းရှိုက်တတ်သေးသည်။

"ဟုတ်ကဲ့''

အဝေးသင်ကျူရှင်တွေဖွင့်ပြီမို့ ဒီနေ့ဟာ
ကျူရှင်စသည့်ရက်။

ပထမဦးဆုံး ဦးဟန်နှင့်အပြင်ထွက်ဖူးသလို
နှစ်ယောက်တည်း ကားအတူစီးဖူးတာလည်းဆိုလည်း
မှန်သည်။

ဦးဟန်ရဲ့မျက်ဝန်းညိုတွေကို အကြည့်လွှဲဖယ်ပြီး
လက်တစ်ဖက်ကလည်း ကားတံခါးကိုဖွင့်မိသည်။

ဦးဟန်ကိုင်ထားသည့်လက်တစ်ဖက်ကတော့
ဦးဟန်က အလိုလိုလွှတ်ပေးလိုက်မည်ဟု
စိတ်ကထင်မှတ်လျက်...

မနေတတ်မထိုင်တတ်ဖြစ်နေကာ
ပိတ်လှောင်နေသည့်ခံစားချက်ကနေ
လွတ်မြောက်တော့မလို တွေးနေမိသည့်လွှား။

"ကလေး''

လွှားကိုယ်လေး ကားပေါ်ကနေဆင်းမည်ကြံရွယ်
လိုက်ပေမဲ့ အခုထိ လွှားရဲ့လက်ကိုလွှတ်မပေးသည့်ဦးဟန်။

ဆုပ်ကိုင်ထားဆဲလက်ကိုလှည့်ငုံ့ကြည့်မိချိန်သည်
ဦးဟန် သူ့ကိုခေါ်သည်နှင့်တချိန်တည်း...

"ဟင်...''

ဆံတိုအချို့ကျဆင်းနေသည့်နဖူးပြင်ထက်
ခပ်နွေးနွေးဖိသိပ်သွားသည့်အရာတစ်ခု။

ကလေးတွေကိုချော့မြှူနမ်းသလို ရွှတ်ခနဲနေသည်။
ချစ်မဝသလို တရှုံ့ရှုံနမ်းရှိုက်တာမျိုး။

အမှတ်တမဲ့မို့ မျက်ဝန်းတွေကိုမှိတ်၊ အောက်နှုတ်ခမ်းကို
အသာဖိကိုက်မိရင်း ဦးဟန်ရဲ့အနမ်းတွေကို ခံယူမိသည်။

"သွားတော့မယ်နော်''

ခဏလေးပဲဖြစ်ကာ ဦးဟန်ဖယ်ခွာသွားသည်နှင့်
ခေါင်းငုံ့ရင်း မဝံ့မရဲဆိုမိသည်။

တကယ်...ကြာရင် ဦးဟန်ကြောင့်
နှလုံးရောဂါရတော့မှာ..
နဂိုကတည်းက လွှားက နှလုံးသွေးအားနည်းရောဂါ
ရှိပါတယ်ဆိုမှ။

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now