Extra 2 (U)

7.7K 405 4
                                    

"ဦးဟန် ရှိလား''

"ဟုတ် အပေါ်မှာရှိတယ် ကိုလေး''

အိမ်ပြန်ရောက်တာနဲ့ လွဲ့ကိုမေးပြီး အပေါ်အမြန်တက်လာခဲ့လိုက်သည်။ ဒီအချိန်အိမ်မှာရှိရင် သူ့ရုံးခန်းထဲမှာရှိနေတတ်သည်မို့ ထိုကိုပဲတခါတည်းဦးတည်လျှောက်လာခဲ့လိုက်၏။

အခန်းရှေ့ရောက်တော့တံခါးမခေါက်သေးဘဲ ခဏမတ်တပ်ရပ်ပြီး အသက်ရှူသံမှန်အောင်နေရသေးသည်။ ထို့နောက် လော့ခ်ချမထားသည့်တံခါးကိုအသာဖွင်ကြည့်မိလျှင် အလုပ်စားပွဲမှာ ဦးဟန်က လပ်တော့ပ်တစ်လုံးနဲ့ငြိမ်သက်နေ၏။

အရင်ဆုံး တံခါးကိုခပ်ဟဟဖွင့်ထားပြီး လွှား ဦးဟန်ကိုခဏကြာငေးမောကြည့်နေမိသည်။ ခုနောက်ပိုင်းဦးဟန်က လွှားအပေါ်ကိုတကယ်ကောင်းပေးခဲ့၏။ အကြောင်းမတိုက်ဆိုင်လို့ ကတောက်ကဆဖြစ်ပြီး ဒေါသထွက်ရင်တောင် အရင်လိုလက်မပါတော့။ လွှားအပေါ် အတတ်နိုင်ဆုံးစိတ်လျှော့ကာ နူးနူးညံ့ညံ့ဆက်ဆံတတ်သလို လွှားဖြစ်ချင်တာကိုလည်းအလိုလိုက်တာများ၏။ နောက်ဆုံးတော့ လွှားရဲ့စစ်မှန်တဲ့ချစ်ခြင်းကြောင့် ကိုယ်ချစ်ရသူရဲ့အကြင်နာကိုပြန်ရပြီထင်ပါရဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်လည်းဒီတိုင်းလေးပဲနေချင်မိပါသည်။

"ဟဲလို ဒယ်ဒီ''

လွှားကြည့်နေတုန်းပဲ ဦးဟန်က အသံမြည်လာတဲ့ဖုန်းကိုကောက်ကိုင်သည်။ အကြည့်တွေကတော့ လပ်တော့ပ်ဆီမှာပဲရှိ၏။
တော်တော်အလုပ်ကြိုးစားသည့်လွှားဝံ့ထည်ရဲ့ယောကျာၤးပါ။

"ငါ့သားငယ် ဒီနေ့အင်တာဗျူးသွားဖြေတယ်ဆို''

"အင်း ဟုတ်တယ်''

"အလုပ်လုပ်ချင်တယ်ဆိုလည်း မင်းကုမ္ပဏီမှာပဲခေါ်ထားလိုက်တာမဟုတ်ဘူး၊ ငါ့သားကိုမင်းအနားမှာ အဲ့ဒါကြောင့်မထားချင်တာ၊ မင်းဘာတွေလုပ်နေတာလဲ ဟန်ရဲ၊ ကိုယ့်လက်ထဲကလွတ်လုပ်ချင်တာလား၊ သူများကုမ္ပဏီမှာ အလုပ်ရသွားရင် ငါ့သား ဘယ်လောက်မျက်နှာငယ်ရမလဲ၊ မင်း ဘယ်နားမှအသုံးမကျဘူးဟန်ရဲ၊ မင်း ကလေးကိုမျက်နှာလွှဲခဲပစ်လုပ်နေတာ ဘယ်နှစ်ခါရှိနေပြီလဲ''

ဦး ကို ခ်စ္ မိ ေန ၿပီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now