Episode 36

31.3K 2.2K 103
                                    

မိုးသားတွေအုံ့ဆိုင်းနေသည်။
လေထုတစ်ခုလုံးလည်း အေးစိမ့်နေလျက်....

"ပြန်ကြရအောင် အကိုလေး
မိုးရွာတော့မယ်ထင်တယ်''

"အင်း ခဏလေး''

ပတ်ဝန်းကျင်တစ်ခုလုံးလည်း ဖြူနီပြာဆေးရောင်
တို့ဖြင့်အုတ်ဂူတွေခြံရံတည်ရှိနေကာ...

နှင်းဆီဖြူတို့တင်ထားသည့်အုတ်ဂူဖြူလေး...
ဘယ်သူမဆိုမလွဲမသွေရောက်လာရမည့်ဒီနေရာလေးဟာ
တိတ်ဆိတ်မှုတွေသာ ကြီးစိုးလျက်....

ကိုယ့်အလှည့်ရောက်ချိန်မတန်သေးတော့လည်း
သူနှစ်သက်ချစ်ခင်သူတွေရဲ့ခွဲခွာခြင်းကိုပဲ
ရင်နာနာနဲ့နှုတ်ဆက်နေရကာ...

"အေးအေးချမ်းချမ်းအနားယူပါတော့
ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ကျွန်တော်က
အကုန်တာဝန်ယူစောင့်ရှောက်ပေးမှာမို့''

တီးတိုးလေးရေရွတ်မိရင်း မြင်နိုင်တော့မည်မဟုတ်တဲ့
သွားလေသူကို စိတ်ဖြောင့်စေချင်မိသည်။

နောက်ဆံငင်ရင်း ဘဝတစ်ပါးမှာ တစ်ရစ်လည်ဝဲဝဲ
ဖြစ်နေမိမှာဆိုးသည်။ ကုသိုလ်ကောင်းမှုတွေပြုလုပ်
ပေးရင်း အမျှပေးဝေမိခဲ့သည်။

မိသားစုကိုလည်း လိုလေသေးမရှိအောင်ထောက်ပံ့
ပေးခဲ့ပါ၏။

"သူဋ္ဌေးကြီး ဖုန်းဆက်နေပါတယ် အကိုလေး''

"အင်း ပြန်လာပြီပြောလိုက် ဘာဝယ်လာခဲ့ရမလဲ
မေးလိုက်ဦးနော်''

"ဟုတ်ကဲ့''

မိုးသားတို့အုံ့ဆိုင်းနေသည့်ကောင်းကင်ထက်က
မိုးရေစက်တို့ခုန်ဆင်းကျလာတော့ ခန္ဓာကိုယ်ထက်မှာ
အေးစက်စက်...

"ပြန်ကြရအောင်နော် အကိုလေး''

"အင်း''

_____________

"ဘာမှာလိုက်တာလဲဟင် ဒယ်ဒီက''

"မိုးလင်းပေါက်ဆိုင်က ဆန်ပြုတ်ပါ''

"ကျစ်...လုပ်ပြီ''

လွှား စုပ်သပ်မိရင်း မကျေမလည်လေးညည်းမိသည်။

တကယ် တော်တော်ဒုက္ခပေးသည့် လူကြီး။

"ဝင်ဝယ်မှာလား အကိုလေး''

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now