Episode 20

37.9K 2.9K 56
                                    

"ဟို...ဦးမော်''

ဆေးရုံဝန်းထဲ လူအသွားအလာ
များများစားစားရှိပေမဲ့ ကားပါကင်နား
လူရှင်းနေသည်။

"ကျွန်တော်က စကားရှည်ရှည်ဝေးဝေး
မပြောတတ်ဘူး...အဲဒါကြောင့်
ရှင်းရှင်းပဲမေးမယ်''

"ရှင်''

လွှားယွန်းနဒီ အနည်းငယ်ထိတ်လန့်နေခဲ့သည်။
ဒီနားထိရောက်အောင်ခေါ်လာကတည်းက
လက်လွတ်စပယ်ပြောလိုက်သည်တွေကို
ကြားသွားပြီးမှန်း ရိပ်မိပြီးထင်လောက်ခဲ့သည်။

"လွှားဝံ့ထည်က ခင်ဗျားတို့မိသားစုဝင်အရင်း
မဟုတ်ဘူးမလား''

"ရှင်''

အံ့သြထိတ်လန့်သွားသည့် မျက်နှာ။

ဦးမိုးလွှားနှင့်မျက်နှာပေါက်ဆင်နေသည်က
လေးထောင့်ပြေပြေလေးပဲဖြစ်သည်။

ပြူးကျယ်ဝိုင်းစက်နေသည့်မျက်လုံးတွေဟာ
တစ်ဦးတည်းသောမောင်ဆိုသူနဲ့
ဆင်ဖို့ဝေးစွ... ။ မျက်နှာပြင်ထက်က
အစိတ်အပိုင်းတစ်ခုချင်းစီက တူညီတာ
ဘာတစ်ခုမှမရှိပါ။

အသားအရေကစကာ လွဲနေသည်။
သူမတို့မိသားစုတွေရဲ့အသားအရည်ဟာ
ဖြူသည်။ လွှားဝံ့ထည်ရဲ့အသားအရေသည်
သိသိသာသာဝင်းမွတ်နေခြင်း။

သူတို့မိသားစုတွေကွာခြားချက်က
ကိုယ့်အဖြစ်နဲ့ဆင်တူသည်မို့
အလွယ်တကူ တွေးဆနိုင်သည်။

သူ့အသားအရည်ဟာ ငယ်ငယ်က
ညိုဆတ်ဆတ်ပါ။ အရိပ်ထဲနေတာများသလို
နေမထိလေမထိနေလာရသည့်နှစ်တွေကြာ
လာတော့ ဖြူနုသွားခြင်းဖြစ်သည်။

ဦးနေယံမော်၏အသွင်အပြင်သည်
ဝင်းဖန့်လျက်...။

"ဒီသားအဖတွေ အသားအရေတွေက
ဘယ်လိုလဲဗျ...မသူကလည်း အဲ့လောက်
မဖြူပါဘူး''

သိသူနည်းသည့်အကြောင်းအရာတွေကို
အခုတ်တရမပြောတတ်တာ သူရော
ဦးနေယံမော်ပါ နှစ်ယောက်လုံးဖြစ်သည်။

ဘယ်တူပါ့မလဲ...
တကယ်ဆို ဦးနေယံမော်နဲ့ဒေါ်သူသူဆိုတာ
သူ့ရဲ့မွေးစားမိဘတွေ။

"ရှင်...ဦးမော် ဘာလို့ပြောတာလဲမသိဘူး
လွှားလေးက ကျွန်မရဲ့မောင်လေးအရင်းပါ''

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now