"ရောက်ပါပြီ''
ကားပေါ်ကဆင်းဆင်းချင်း ဦးနေယံမော်
သက်ပြင်းရှိုက်မိသည်။စိတ်တွေလှုပ်ရှားနေသည်က ဒီအသက်အရွယ်ကြီးနှင့်
မလိုက်ဖက်လှ။ သို့ပေမဲ့ ထိန်းချုပ်လို့မရ။
အသက်တွေကြီးပြီဆိုပေမဲ့ ကိုယ်လည်းပုထုဇဉ်လူသားမို့
ခံစားချက်အပြောင်းအလဲတွေကို လိုက်မထိန်းညှိနိုင်သေးပါ။ဖြူဖွေးနူးညံ့လှသည့်ကောင်ချောလေးသည်
သူ့သားအရင်း ဖြစ်သည်တဲ့လား။ ပြည်ပမှာနေပြီး
စိတ်ကိုပြင်ဆင်ခဲ့ပေမဲ့ အိမ်ထဲနင်းရမည့်ခြေထောက်တွေဟာ ဝမ်းနည်းဝမ်းသာမှုကြောင့်တုန်ချိလို့နေသည်။မိမိချစ်သူမှန်းသိသိရက်နှင့်အလွယ်တကူရယူသွားတဲ့
မိုးလွှားကိုမျက်နှာပင်မကြည့်ချင်လောက်အောင်ရွံခဲ့မိ၏။
ဘဝတောက်လျှောက်လုံးနာကြည်းခဲ့ပေမဲ့
ယုတ်မာသည့်စိတ်တော့ သူမထားခဲ့ပါ။
မပတ်သက်မိအောင်နေခဲ့ပေမဲ့ မိဘတွေထားခဲ့သည့်
လုပ်ငန်းတွေကြောင့်မဖြစ်မနေဆက်နွှယ်ခဲ့ရသလို...
စည်းတွေဘောင်တွေနဲ့ သူ သမာသမတ်ကျအောင်
အလုပ်လုပ်ခဲ့သည်။ ကံတရားကောင်းတာတွေရော
ကိုယ့်ကြိုးစားတာတွေရောကြောင့် ကိုယ်အလုပ်ဖြစ်လေလေ
သူလုပ်ငန်းတွေက ဆုတ်ယုတ်လေလေ။လုပ်ငန်းတွေရှေ့ဆက်မရတော့တဲ့အခြေအနေထိဖြစ်ခဲ့သည်။
အဲ့လောက်ထိ မရည်ရွယ်ခဲ့ပေမဲ့ မြင်နေရသည်က
သူ့မိသားစု လမ်းပေါ်ရောက်တော့မည့်အခြေအနေ။
အခွင့်အရေးတစ်ခုရှာကြံပေးခဲ့သည်။ အလွယ်တကူ
လက်ခံပစ်တော့ သံသယဝင်ခဲ့သေး၏။ သို့ပေမဲ့
သတိရခဲ့သေးတာက မိုးလွှားဘဝမှာ
စည်းစိမ်ချမ်းသာက နတ်ဘုရားပဲဆိုတာ။တစ်ဖက်ကလည်း ဟန်ရဲကို နောက်ဆုံးကျေးဇူးဆိုတာတွေနှင့် ချုပ်ကိုင်ပစ်ခဲ့ရသေး၏။ အခြေခံလောက်သာ
ကိုယ်စည်းစိမ်တွေပါခဲ့ပေမဲ့ ရှာထားသမျှအများဆုံးဟာ
သူ့အရည်အချင်းကြီးသာ။ကိုယ့်သားအရင်းမဟုတ်ပေမဲ့ ကိုယ့်အုပ်ချုပ်မှုအောက်
တောက်လျှောက်နေခဲ့သူမို့ ဟန်ရဲအကြောင်းသူသိသည်။
မိခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်မှာ ရှိမနေပေးခဲ့ခြင်းကြောင့်
သူ့ကိုစိတ်နာနေလို့် စကားပြောရတော့ခက်သား။
YOU ARE READING
ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)
Romanceအသက်၃၀ကျော်အိမ်ထောင်ပြုချိန်ရောက်လာတဲ့အခါ ဖခင်ရဲ့စီစဉ်ပေးမှုကြောင့် အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့ CEO ဦးဟန်ရဲဆက်မော် ငယ်ငယ်လေးတည်းက မိဘတွေရဲ့အုပ်ချုပ်မှုအောက်မှာ နာခံအသားကျနေပြီဖြစ်တဲ့ သားလိမ္မာပိုးဟပ်ဖြူလေး လွှားဝံ့ထည် သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက...