Part 5

6.8K 710 25
                                    

Unicode

ဒေါက်.....ဒေါက်.....ဒေါက်..... 

"စီနိယာ!!"

အခန်းထဲကို ရောက်နေပြီဖြစ်ကြောင်း ဒုတိယအကြိမ် သတိပေးကာမှ လှည့်ကြည့်လာသည်။ တည်တည်ငြိမ်ငြိမ် ဖြစ်နေသည့် ရိပေါ်က စာကြည့်တိုက်တုန်းကနှင့် ဘာမှမဆိုင်သလို တခြားစီပင်။

အကြာကြီး စိုက်ကြည့်နေပြီး ထိုင်ပါလည်းမပြော၊ ဆက်ရပ်နေလို့လည်း မဆိုလာသဖြင့် ရှောင်းကျန့် မှာ တံခါးပေါက်နား အခုချိန်ထိ ကုတ်ကုတ်လေးရပ်နေရသည်။အကြည့်စူးစူးတို့ကြောင့် ပြန်လည်းမော့မကြည့်ရဲ ကြမ်းပြင်ကိုသာ ပေါက်ထွက်မတတ်ကြည့်နေမိသည်။တရှပ်ရှပ်နဲ့ အနားတိုးလာသော ခြေအစုံက ရှောင်းကျန့် ခြေတစ်လှမ်းအကွာမှာ ရပ်သွားသည်။

"မော့!!"

"ဗျာ"

သွေးကြောင်တတ်သူ မဟုတ်ပေမယ့် ဘာလို့မှန်းမသိ ဝမ်ရိပေါ်ဆိုသည့် လူရှေ့တွင် အသံတွေတုန်နေသည်။ဝမ်ရိပေါ်ရဲ့ စကားတစ်ခွန်းကလည်း အလိုလို သြဇာရှိနေကာ ရှောင်းကျန့် ငြင်းဆန်မှုမရှိ ချက်ချင်းမော့ကြည့်မိသည်။

"ကိုယ့်အပြစ်ကိုသိလား"

"ဟုတ်ကဲ့"

"ဘာအပြစ်လဲ"

"စီနိယာတွေ စကားပြောနေတုန်း ဘောပင်လှည့်မိတာပါဗျ"

"အဲ့တစ်ခုပဲမဟုတ်ပါဘူး"

"ဗျာ!"

ရိပေါ်ရဲ့ စကားကြောင့် ရှောင်းကျန့် မခံနိုင်သလိုမျက်နှာဘေးလေးနဲ့ မော့ကြည့်လိုက်သည်။သူတကယ် ဘောပင်လှည့်မိတဲ့ အပြစ်လေးပဲရှိတာပါ။ကျောင်းတော်ကို ပထမဆုံးခြေချတဲ့ရက်မှာ အဲ့အပြစ်တစ်ခုပဲ လုပ်ဖူးတယ်။အသက်ရှင်ခဲ့တဲ့ သက်တမ်းအကြာကြီးမှာ ကျောင်းအမျိုးမျိုး တက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့တဲ့ ကျောင်းတိုင်းမှာလဲ သူဟာ လူရည်ချွန်၊လူရည်မွန်တစ်ယောက်။

"သေချာတယ်ဗျ....ကျွန်တော်အဲ့ဒီတစ်ခုပဲ အမှားလုပ်မိတာ"

လက်သီးကိုတင်းတင်းဆုပ်ပြီး ဘယ်ဘက်ရင်အုံကို တဖုန်းဖုန်း ထုလိုက်ကာ အားနဲ့မာန်နဲ့ ပြောချလိုက်သည်။ရှေ့က ရိပေါ်ကတော့ တပ်ထဲရောက်နေသလို လုပ်ပြနေသည့် ရှောင်းကျန့်ကြောင့် မျက်နှာကို တဖက်လှည့်ကာ ခိုးရယ်မိတော့သည်။ပြီးမှ မျက်နှာကို တဖြည်းဖြည်းတည်ယူကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရှောင်းကျန့်ဘက်ကို ပြန်ကြည့်လိုက်သည်။

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now