Unicode
"ရှောင်းကျန့် ငါတို့ကျူးလစ်ပန်းတွေ ထားရင်ကောင်းမလား"
"အေးလုပ်လေ အဖြူရောင်ကောင်းတယ်"
"အင်း ဒါဆို အဖြူမှာလိုက်မယ်"
ပြောပြီး ဖုန်းကိုဆွဲကာ ခြံထဲထွက်သွားသော ကျိုးချန်ကို ရှောင်းကျန့်လိုက်ငေးနေမိသည်။
ပါးနဲ့ကျိုးချန်တို့တောင် လက်ထပ်ကြတော့မယ်။
ရှောင်းကျန့်နဲ့ ရိပေါ် ရဲ့ ချစ်သူသက်တမ်းကလည်း နှစ်လကျော်နေပြီ။
အခုထိတော့ အနာဂတ်ကို ဘာမှရေရေရာရာ မတွေးထားသေးဘူး။
မတွေးထားတာထက် တွေးရတာ ရင်မောလို့ မတွေးမိအောင် ကြိုးစားနေတယ်ဆိုရင် ပိုမှန်မယ်။
ရှောင်းကျန့်အခုချိန်ထိ သာမန်လူသားတစ်ယောက်ဖြစ်တဲ့ ရိပေါ်ကို သူ့ဘေးမှာ သက်တမ်းအကြာကြီး နေနိုင်အောင် ဘယ်လိုထားရမယ်ဆိုတဲ့နည်းလမ်းကို ရှာမတွေ့သေးဘူး။ဒါပေမယ့် အဲ့ဒီနည်းလမ်းက ရှိတောင်ရှိရဲ့လား မသိပါဘူး။
အဖြေစပေးပေးချင်းတုန်းက ဒီတိုင်းrelationshipတစ်ခုက ဘယ်လိုလဲဆိုတာ လက်တည့်စမ်းချင်ရုံလောက် သူလုပ်မိတာ ဝန်ခံပါတယ်။
ကိုယ့်စိတ်ကို မြင်အောင်ကြည့်မိတဲ့နောက်ပိုင်းမှာ သူရိပေါ်ကို လက်မလွှတ်နိုင်အောင် ချစ်မိနေပြီ။
အချိန်တိုင်း အနားမှာ ရှိနေစေချင်တယ်။
ရိပေါ်ရဲ့ အပြုံးတွေ၊စကားသံတွေ၊ကိုယ်ငွေ့လေး၊အရိပ်လေးကအစ တစ်ဖဝါးမှမခွာပဲ အမြဲလိုလို ဘေးမှာရှိစေချင်တယ်။
ရိပေါ်က ရှောင်းကျန့် ရှုးသွပ်သွားဖို့ လုံလောက်တဲ့ အကြောင်းပြချက်လေး ဖြစ်နေပြီ။
ရှောင်းကျန့် သူ့အကြောင်းအမှန်တရားအားလုံးကိုရော၊ နေ့စဥ်ဖြတ်သန်းနေတဲ့ လုပ်ငန်းစဥ်တွေကိုရော ဂရုတစိုက်နားထောင်ပေးတတ်တဲ့ရိပေါ်ကို တီတီတာတာနဲ့ ပြန်ပြောပြချင်တယ်။
"ကျန့်ကျန့် ဘာတွေတွေးနေတာလဲ"
စာဂျပိုးဆိုတဲ့အတိုင်း စာဖတ်ရင်း ရိပေါ်ဆီအတွေးတွေ ပျံ့လွင့်သွားတဲ့ ရှောင်းကျန့်က အနားရောက်လာသည့် ကျိရန်ကို ပြုံးပြလိုက်သည်။
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...