Part 21

4.6K 454 32
                                    

Unicode

"ငါဘယ်သူလဲဆိုတာ မကြာခင်မင်းသိရတော့မှာပါ"

"မပြောချင်လဲနေ  စိတ်မဝင်စားဘူး"

ရိပေါ်အေးစက်စက်နဲ့ ခပ်ပြတ်ပြတ်ပြောလိုက်တော့ ထိုလူကြီး ခဏတော့ကြောင်သွားသည်။ဟုတ်တယ် .. လူကိုလာပြီး ဇာတ်ကားရိုက်တယ်မှတ်လားမသိ အိုက်တင်လာခံနေတာ။ဝမ်ရိပေါ်တို့က ရှင်းပြရင်သာ 'သြော်´ဆိုပြီး အသိအမှတ်ပြုပေးလိုက်မယ် မဟုတ်လို့ကတော့ ရှောင်းကျန့်အကြောင်းကလွဲရင် ဘာမှစပ်စပ်စုစုသိချင်မနေဘူး။

"မင်းကောင်လေးနဲ့မင်းရဲ့ရှေ့ရေးနဲ့ဆိုင်နေရင်ရော"

ရိပေါ်မပြောချင်ဖူးဆိုတာ သိ၍ထင် ရိပေါ်စိတ်ဝင်စားမည့်အကြောင်းဖြင့် ဖိပြောလိုက်လေသည်။ရိပေါ်ဒီလူကြီးကို အဖတ်မလုပ်ချင်ပေမယ့် ရှောင်းကျန့်နဲ့ပတ်သက်လာတာမို့ အကြည့်စူးစူးတို့နှင့်ကြည့်လိုက်ကာ

"ဘာလဲ .. ခင်ဗျားရဲ့ရည်ရွယ်ချက်ကဘာလဲ"

"အိုး .. မင်းကောင်လေးက မင်းရဲ့အားနည်းချက်ပဲ ။"

"အပိုတွေပြောမနေနဲ့ ကျွန်တော်မေးတာသာ ဖြေစမ်းပါ"

အင်အားတွေယုတ်လျော့သွားအောင် လုပ်ထားတာတောင် တစ်စက်လေးမှ လေသံမလျှော့သည့် အကြောတင်းတင်းကောင်လေးကြောင့် သူအနည်းငယ်တော့ ဒေါသထွက်မိသည်။ဒီကောင်လေးက သူ့အဖေဝမ်လုလို မပျော့ညံ့ဘူး။အဲ့တော့ သူသွန်လိုသွန်၊မှောက်လိုမှောက်လုပ်ဖို့က နည်းနည်းတော့ ခက်ခဲမည်။ဒါပေမယ့် ဘာအရေးလဲ .. ဒီကောင်လေးရဲ့ အားနည်းချက်က ဟိုတစ်မိုးအောက်တစ်ယောက်ဖွား မြေခွေးလူသားကောင်လေး ဖြစ်နေတယ်လေ။ပြီးတော့အဲ့ဒီမြေခွေးကောင်လေးရဲ့ အားနည်းချက်ကလည်း အခုမျက်စိရှေ့က ကောင်လေးပဲဖြစ်မှာ မလွဲသေချာပင်။

"လောကကြီးကိုငါ့အပိုင်လုပ်ချင်တယ်ဆိုရင်ရော"

"အဲ့တာကျွန်တော်တို့နဲ့ဘာဆိုင်လို့လဲ"

"သိပ်ဆိုင်တာပေါ့ ငါ့အစီအစဥ်ရဲ့ အရေးအပါဆုံးကဏ္ဍမှာကိုပါတာ"

"အဟက်!!ကျွန်တော်တို့လို သက်တမ်းနုလေးတွေက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်အောင်ထိ မစွမ်းသာဘူးနော် ... ခင်ဗျားရဲ့အကြံအစည်ကို အကောင်အထည်ဖော်ချင်ရင်တော့ ကျွန်တော့်အဖေနဲ့သွားပူးပေါင်းလေ .... ပါးကပိုပြီးပံ့ပိုးပေးနိုင်လောက်မယ်။ဒါနဲ့ ကျွန်တော့်ကို ဒီထိခေါ်လာနိုင်ပြီး အားတွေယုတ်လျော့အောင်ထိ လုပ်နိုင်တယ်ဆိုတော့ ကျွန်တော့်အဖေဘယ်သူလဲဆိုတာတော့ ပြောပြစရာမလိုပါဘူးနော်"

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now