Part 23

4.2K 436 14
                                    

Unicode

"ငါ့မြေးကို လှည့်စားရတာ ပျော်ရဲ့လား"

ရိပေါ် တစ်ချက်မော့ကြည့်ပြီး ရှောင်းဖွားဖွား ရှေ့ကခုံမှာ ရိုရိုကျိုးကျိုးပဲ ထိုင်လိုက်တယ်။ရှောင်းဖွားဖွားကတော့ ခပ်ထေ့ထေ့ ကြည့်နေစဲ။သေချာလုပ်ယူထားသည့် မျက်နှာထားကြောင့် စိတ်ဆိုးနေလား၊သာမန်ပဲလားဆိုတာတော့ ခန့်မှန်းလို့မရနိုင်။သေချာပေါက် မကြည်ဖြူဖို့ ရာခိုင်နှုန်း ပိုများလေမည်။

ရှောင်းဖွားဖွားအနေနဲ့ ဝမ်ရိပေါ်နတ်ဘုရားမှန်းသိတာ မထူးဆန်းသလို၊ဝမ်ရိပေါ်အနေနဲ့လည်း ရှောင်းဖွားဖွားသူ့ကို သိနေတာ ထူးဆန်းမနေဘူး။ဟောက်ရွှမ်းပြောလို့ သိထားပါရဲ့.. ရှောင်းဖွားဖွားနဲ့ ဟောက်ရွှမ်းရဲ့ ဆက်ဆံရေး ကောင်းမွန်ကြောင်း။သို့ပေသိ .. ဟောက်ရွှမ်းနဲ့ ဆက်ဆံရေးကောင်းတိုင်း ရိပေါ်နဲ့ပါ ဆက်ဆံရေး ကောင်းပါ့မယ်ဆိုတာ မဖြစ်နိုင်။

ခုပုံအတိုင်းဆို ရိပေါ်ကြယ်နတ်ဘုရားမှန်း သိပြီးသား။ဒါကြောင့် ကောင်းမွန်တဲ့ မြေးသမက်ဆက်ဆံရေးကို ရရှိနိုင်ဖို့ ခက်ခဲတယ် .. အင်း​..အဆိုးဘက်က ပြောရရင် ခက်ခဲတာထက် မဖြစ်နိုင်ဖို့ကပိုများသည်။ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာချင်းတူတူ စောစောစီးစီး ရင်ဆိုင်လိုက်တာ ပိုကောင်းပါတယ်။

ရိပေါ်အမျိုးသားလေးက သူ့အိမ်သားတွေနဲ့ ရိပေါ်ကို သိပ်ခင်တွယ်စေချင်တယ်။သူ့အမြင်မှာ ရိပေါ်က မိဘမဲ့တစ်ကောင်ကြွက် ဖြစ်နေတာကိုး။ ကိုယ်ကိုယ်တိုင်က မဟုတ်မှန်းလည်းသိတယ်။သိသိကြီးနဲ့ ဒီလမ်းကိုရွေးခဲ့တာပဲ ရသလောက်လေးတော့ ရှောင်းကျန့်ကို သူဆွဲထားချင်မိတယ်။သိပ်ချစ်လွန်းတာမို့ ..........။

"ကျွန်တော် မရည်ရွယ်ပါဘူး။ပြီးတော့ ဘာရည်ရွယ်ချက်မှလည်း မရှိပါဘူး။ကျွန်တော် ရှောင်းကျန့်ကို တကယ်ချစ်တာပါ။သူ့အနားကို ချဥ်းကပ်ခဲ့တာ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ဆိုတာ ကြည့်တတ်ရင် မြင်နိုင်ပါတယ်။"

"ငါမြင်တယ်..ဒါကြောင့်လည်း မင်းတို့ကို ဒီအချိန်ထိ လွှတ်ထားပေးခဲ့တာပေါ့။ဒီလိုအချစ်ရေးရဲ့ အဆုံးသတ်က နှစ်ဦးနှစ်ဖက်လုံး နာကျင်ခံစားရမှာနော်။ပြီးတော့ ငါ့မြေးအပေါ်မှာ လိမ်ညာထားတာကို စိတ်သန့်သန့်နဲ့ သူ့ဘေးမှာ နေနိုင်ပါ့မလား။သူသာသိရင် ကိစ္စက မသေးဘူးနော်"

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now