Part 22

4.7K 454 15
                                    

Unicode

အပွင့်တွေဝေဆာနေသည့် မက်မွန်ပန်းပင်ကြီးက ကမူးရှုးထိုး တိုက်ခတ်နေသည့် လေရူးတချို့ကြောင့် နူးညံ့အိစက်နေသည့် ပွင့်ဖတ်နုနုလေးတွေ တလှုပ်လှုပ် ကြွေကျလာတယ်။အဖြူရောင်ဖဲစလေးတွေ တလွင့်လွင့်နဲ့ နှင်းဆီဖြူတွေ လွှမ်းခြုံထားတဲ့ ခြံဝင်းလေးထဲမှာ မကြီးကျယ်ပဲ ရိုးရှင်းတဲ့မင်္ဂလာပွဲလေးတစ်ခု။ခမ်းနားမှုတွေ၏ ထိန်းကွတ်မှုမရှိပေမယ့် ချစ်ခြင်းမေတ္တာဆိုတဲ့ တစ်သက်တာဖူလုံမှုလေးနဲ့တင် ပြည့်စုံနေတာမျိုး။

အနယ်နယ်အရပ်ရပ်က မျိုးနွယ်ဝင်တွေက တကူးတက တက်ရောက်ချီးမြှင့်လာကြတယ်။အပြုံးတွေဝေ့သီနေတဲ့ အဖြူရောင်သတို့သားလေးကို အနက်ရောင်Suitအပြည့်နဲ့ မျိုးနွယ်ခေါင်းဆောင်က အဖိုးတန်ရတနာလေးလို တစ်ိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေတယ်။ဒီမြင်ကွင်းလေးက သိပ်လှပတဲ့ ပန်းချီကားလိုပဲ ရင်သပ်ရှုမောစရာကောင်းလွန်းတယ်။

ရှောင်းကျန့်မျက်ရည်တောင် ဝဲလာရသည်။နောက်ဆုံးတော့ အထီးကျန်နေတဲ့ ပါးပါးဘဝထဲကို အဖော်ပြုပေမယ့် သူ့သူငယ်ချင်း ကြောင်ဆိုးလေးက ဝင်ရောက်နိုင်သွားပြီပေါ့။ရှောင်းကျန့် စိတ်ပူနေခဲ့တာ ပါးပါးလို ရေခဲတုံးကြီးက တစ်သက်လုံး အဖော်မဲ့စွာ ဖြတ်သန်းသွားရမှာကို။မရှိတော့တဲ့ မားမားကိုအားနာပေမယ့်လို့ပေါ့။

သူ့လက်ဖျားတွေကို ဆုတ်ကိုင်လိုက်သည့် အထိအတွေ့ကြောင့် ဘေးဘက်ကိုကြည့်မိတော့ သူ့ကိုပြုံးကာကြည့်နေသည့် ဝမ်ရိပေါ်။အဖြူရောင်တီရှပ်အပေါ်မှာ ခရမ်းဖျော့ရောင် ကုတ်နှင့် ဖွေးသန့်နေသည့် ရှောင်းကျန့်ရဲ့ရိပေါ်က အကြင်နာမျက်ဝန်းတို့နှင့် ဖေးဖေးမမရှိလှသည်။သူလည်းဒီလူနှင့် ပျော်စရာအကောင်းဆုံးအရာတွေကို ဖန်တီးချင်တယ်။ရိပေါ်မရှိတော့တဲ့တစ်ချိန်မှာ အတိတ်ကပုံရိပ်တွေဟာ သူပြန်နားဆင်မယ့် ကြည်နူးစရာတေးသွားလေး ဖြစ်နေမယ်။

"ကိုတို့လည်း တစ်နေ့ကျ ဒီလိုလက်ထပ်ပွဲလေး ကျင်းပကြမယ်နော်။မင်းကကိုယ့်လက်မောင်းတွေကို အားကိုးတကြီးနဲ့ ဖက်တွယ်ထားပြီး ကိုယ်ကမင်းနဖူးလေးကို အမြတ်တနိုးနမ်းရှိုက်မယ်။အခုမင်းပါးပါးနဲ့ကျိုးချန်လိုမျိုးပေါ့"

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now