Unicode
တဖြောက်ဖြောက် ရွာနေတဲ့မိုးကြောင့် လူတစ်ရပ်စာ မှန်တံခါးလေးကို ဆွဲပိတ်လိုက်သည်။မိုးနဲ့အတူ လေတချို့ပါပါတာကြောင့် ဝရန်တာက ချိုချဥ်ရောင် Cattleyaအိုးတွေက တယိမ်းယိမ်းနဲ့ လှုပ်ခတ်နေသည်။ဒါ့ကြောင့် မှန်တံခါးအပြင်ကို တခေါက်ပြန်ထွက်လိုက်ပြီး ချိတ်ထားသည့်အိုးတွေကို ကြမ်းပြင်ပေါ်ချလိုက်ရသည်။ခါတိုင်းရိပေါ်ရှိရင် ရိပေါ်လုပ်နေကျပေမယ့် အခုတော့ခရီးဆိုပြီး ဘာအထုပ်အပိုးမှမပါပဲ ဆိုင်းမဆင့်ဘုံမဆင့် ထွက်သွားတာကြောင့် အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့သည့် ရှောင်းကျန့်ကသာ လုပ်နေရသည်။ဘာမှပြောမသွားလို့ စိတ်ဆိုးချင်ဖြစ်နေပေမယ့် အလောတကြီး ထွက်သွားတာကြောင့် အရေးကြီးကိစ္စဟုသာ ဖြည့်တွေးပေးလိုက်သည်။
ရှောင်းကျန့်ကျောင်းမတက်တော့တာ အတော်တောင်ကြာပြီ။သူ့အတွက် ကျောင်းတက်တာ၊မတက်တာကလည်း ထူးဆန်းသည့် ကိစ္စကြီးလည်း ဟုတ်မနေတာကြောင့် ဆက်မတက်ဖြစ်တော့ပဲ ရိပေါ်အနားမှာပဲ အချိန်ပြည့်တွယ်ကပ်နေလိုက်သည်။ပြီးတော့ သူ့ကိုယ်သူ ပိုပြီးသန်မာအောင် အချိန်ပိုပေးခွင့်လည်း ရသွားတာပေါ့။ဆိုဖာပေါ်မှာထိုင်ရင်း တီဗီလိုင်းတွေ တလိုင်းပြီးတလိုင်း ပြောင်းကြည့်လိုက်ပေမယ့် စိတ်ကမပါ။ဒါနဲ့ပဲ အိပ်ခန်းထဲဝင်လာပြီး ဟိုလျှောက်ဒီလျှောက် လုပ်နေလိုက်သည်။တကယ်တော့ ရိပေါ်ကို သူလွမ်းနေတာ။မိုးအေးအေးကြောင့်ထင် လွမ်းနေတဲ့သူ့ကို ပိုဆွေးစေသည်။
တခါဗိုက်ထဲက တခုခုတောင်းတလာပြန်တာမို့ မီးဖိုခန်းထဲ ဝင်လာလိုက်သည်။ခုဏလေးတင်မှ နေ့လည်စာစားပြီးပေမယ့် ဒီဗိုက်က ဘာဖြစ်နေမှန်းမသိ။ရေခဲသေတ္တာကို ဖွင့်လိုက်တော့ ဟိုတနေ့က စားချင်လို့ ရိပေါ်ကိုလုပ်ခိုင်းထားသည့် သံပုရာသီးပျားရည်စိမ်ကိုတွေ့သည်။အခုတလော ရှောင်းကျန့်ဘာဖြစ်နေမှန်းမသိ အချဥ်တအားစားဖြစ်သည်။အချဥ်ကြိုက်နေသည့် သူ့ခံတွင်းကြောင့်လည်း ရေခဲသေတ္တာထဲ ဖန်ပုလင်းများနဲ့အချဥ်အမျိုးမျိုးက နေရာယူသည်။ပြီးတော့ အရည်ရွှမ်းတဲ့ အသီးတွေလည်း တော်တော်စားမိသည်။
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...