Unicode
စူးရှတဲ့ အဖြူရောင် အလင်းတန်းတစ်ခုက ကောင်းကင်ယံကနေ အရှိန်အဟုန်ပြင်းစွာထိုးဖောက်လာပြီး ရှောင်းကျန့်ကျောဆီသို့ တည့်တည့်ကျရောက်လာသည်။ဒေါသတကြီး အော်ဟစ်နေသည့် ရှောင်းကျန့်ကတော့ ဒါကို သတိမထားမိနိုင်အောင် မျက်လုံးထဲ ဘာမှမမြင်နိုင် ဖြစ်နေသည်။အကုန်လုံးကလည်း ရှောင်းကျန်ရဲ့ စွမ်းအားတွေကို ကြည့်ကာ မှင်သက်နေသည့်အချိန်မို့ တဖြည်းဖြည်းနီးကပ်လာသည့် အဖြူရောင်အလင်းတန်းကိုသတိမမူမိ။
"ဝုန်း!!!" "ဂျိမ်း!!!"
ကျယ်လောင်လှသည့် အသံနက်ကြီးနှစ်ခု တပြိုင်ထဲ ထွက်သွားပြီးသည့်နောက်မှာတော့ မြေပြင်ပေါ်သို့ အားပြင်းပြင်းနဲ့ ပြန်ပြုတ်ကျလာသော ခန္ဓာကိုယ်လေးတစ်ခု။ကြည့်မကောင်းစွာ ကျဆင်းနေတဲ့သွေးစက်တွေက ညကောင်းကင်ထက်မှ သွေးမိုးတို့သွန်းဖြိုးနေသလို။မြက်ခင်းပြင်ပေါ်သို့ ရုပ်ပျက်ဆင်းပျက်ကျသွားသော ခန္ဓာကိုယ်တစ်ခုကို အခုမှ သတိဝင်လာဟန်တူသည့် ရှောင်းကျန့်နဲ့ မျိုးနွယ်ဝင်တစ်သိုက်က အမြန်ပင် ပြေးကာကြည့်ကြလေသည်။
"စီ..စီနိယာ........"
ရင်ဘတ်က ကန့်လန့်ဖြတ် လျှပ်စစ်ကြိုးရာကြီးက နီရဲကာ အသားတွေပင်ကျက်နေလောက်ပြီ။ခန္ဓာကိုယ်တစ်ခုလုံးလဲ ဒဏ်ရာတွေအပြည့်နဲ့၊ဒဏ်ရာတိုင်းမှာလည်း သွေးတွေအဆက်မပြတ်ထွက်နေသည်။မျက်ဝန်းတို့ကပိတ်ကျနေကာ မျက်နှာမှာတော့ အပြုံးနုနုနဲ့ စီနိယာကို ရှောင်းကျန့်ဒူးထောက်ထိုင်ချကာ ရင်ခွင်ထဲပွေ့လိုက်သည်။
"စီနိယာ...စီနိယာ..ထပါဦး"
ပါးပြင်လေးကို နူးနူးညံ့ညံ့အုပ်ကိုင်ကာ ရှောင်းကျန့်နှိုးပေမယ့် စီနိယာက နိုးမလာ။လက်ကသွေးကြောကို စမ်းကြည့်တော့ နှလုံးခုန်သံက မမှန်ချင်တော့။တစိမ့်စိမ် စီးကျနေသောသွေးတို့ကြောင့် ရှောင်းကျန့် ခေါင်းကြီးသွားရကာ ဘေးပတ်ပတ်လည်က လူတွေကို အကူအညီတောင်းရသည်။
"ကူညီပါ ကျွန်တော်ရဲ့စီနိယာကိုကယ်ပေးကြပါ တောင်းပန်ပါတယ် ကယ်ပေးကြပါဗျာ"
"ရိပေါ်!!!!!!!!"
လူအုပ်ကြားထဲကနေ တွန်းတိုက်ပြီး အနားရောက်လာသော ဟောက်ရွှမ်းက ရှောင်းကျန့်ရင်ခွင်ထဲက မသေရုံတမယ် ရိပေါ်ကိုကြည့်ပြီး တစ်ကိုယ်လုံးကသွေးတွေ ဦးခေါင်းကိုစောင့်တက်လာသည်လို့ပင် ထင်မိသည်။ခေါင်းဆောင်ဝမ်လုရဲ့ရက်စက်မှုကို နောက်ဆုံးခံစားလိုက်ရတာကတော့ သူ၏ရင်နှစ်သည်းချာသားလေး ဝမ်ရိပေါ်ကိုယ်တိုင်ပင်။သွေးတွေ တောက်လျှောက်ထွက်နေသည့် ရိပေါ်ကို သူဂရုတစိုက်မချီလိုက်ကာ ပြန်ထွက်မည်လုပ်တော့ လက်မောင်းကို လှမ်းဆွဲခံလိုက်ရတာကြောင့် နောက်ကိုလှည့်ကြည့်မိသည်။
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...