Part 14

4.7K 544 7
                                    

Unicode

'ဝုန်း!!!´

"အမလေး ပလုတ်တုတ်!!"

သွားတိုက်၊မျက်နှာသစ်ပြီး ရေချိုးခန်းထဲက ထွက်လာလာချင်း ဝုန်းခနဲအသံကြောင့် ကျိရန်ယောင်မိသွားသည်။

"အဟက်!!ယောင်တာလေးကချစ်စရာကြီး"

ရုတ်တရတ် ကြားလိုက်ရသည့် အသံကြောင့် လားရာကိုကြည့်မိတော့ အိပ်ခန်းနဲ့တွဲယှက် ဝရန်တာမှာ နံရံကို ပုခုံးမှီပြီး သူ့ကိုကြည့်နေသည့်  ဟောက်ရွှမ်းပင်။ညအချိန်မတော်ကြီး ဘယ်လိုခုန်ပျံကျော်လွှားရောက်လာမှန်းမသိသည့် ကျေးဇူးရှင်ကြောင့် ကျိရန်ခေါင်းမီးတောက်နေရသည်။တစ်အိမ်လုံးကလည်း အိပ်နေပြီမို့ အော်ဟစ်နှင်လွှတ်လျှင် အကုန်ဘူးပေါ်သလို ပေါ်နိုင်သည့်အတွက်ကြောင့် ဟောက်ရွှမ်းနားသို့ ကွိခနဲသွားလိုက်ရသည်။

"မင်း...မင်းဘယ်ကနေဝင်လာတာလဲ။သွား!!!!အခုချက်ချင်းပြန်တော့"

ကျိရန်က အသံခပ်ကြိတ်ကြိတ်နဲ့  နှင်ထုတ်လိုက်ပေမယ့် ဟောက်ရွှမ်းက မမှုသလိုပင် အခန်းထဲကို တစ်လှမ်းချင်းဝင်လာသည်။ကျိရန် ဟောက်ရွှမ်းနောက်က အမြန်လိုက်လာပြီး လက်မောင်းကို ကိုင်ကာဆွဲလှည့်လိုက်သည်။

"မင်းကိုပြန်လို့ ပြောနေတယ်လေ"

"လာတာ ပြန်ဖို့မှမဟုတ်တာ baeကလည်း"

"ba...bae ဝေါ့..ရွံ့စရာကောင်းလိုက်တာ။ငါမင်းထက်ကြီးတယ် ဘာ baeလဲ။ပြီးတော့မင်းဘာသာလာတာ ငါခေါ်တာမဟုတ်ဘူး~~အဲ့တော့အခုချက်ချင်းပြန်စမ်း"

ဟောက်ရွှမ်းက ကျိရန်စကားကို မကြားချင်ယောင်ဆောင်ကာ ကုတက်ပေါ်သို့ တက်ထိုင်လိုက်သည်။ကျိရန်မှာတော့ ကုန်းကုန်းကွကွနဲ့ ထိုင်မရထမရ ဘယ်လိုမောင်းထုတ်ရမလဲ စဥ်းစားရခက်နေသည်။

"ဘာလုပ်နေတာလဲ အိပ်စို့လေbae"

"ဘာ..မင်း..မင်းကဒီမှာ အိပ်မလို့လား!!"

"အင်းးးးညနက်နေပြီလေ။အိမ်မပြန်ချင်တော့ဘူး"

"မင်း!!!"

လက်ညှိုးငေါက်ငေါက်ထိုးပြီး စိတ်ကြိုက် ပေါက်ကွဲအော်ဟစ်လိုက်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်သာ အောင့်သက်သက်နဲ့ ပါးစပ်ပိတ်လိုက်ရသည်။သူပတ်သက်မိတဲ့ ကောင်လေးက တကယ့်ကိုအဆိုးအပေပင်။သူတို့တွဲနေသည့် တစ်ပတ်ကျော်အတွင်းမှာ သူလက်ညှိုးညွှန်ရာ ရေဖြစ်သည်အထိ ဘာတောင်းတတောင်းတ ဖြည့်ဆည်းပေးသည်။တစ်ခုပဲ သူ့ကိုပုံမှန်မတွေ့ရရင် တစ်နည်းမဟုတ်တစ်နည်းနဲ့ဂျစ်တိုက်တော့သည်။အချိန်တိုင်းလိုလို လိုက်ကပ်နေသည်မှာ စူပါဂလူးကပင် ဆရာခေါ်လောက်ရသည်။အခုလည်း ညအိပ်ချိန်ပါ ကပ်တွယ်နေရင်တော့ မဟုတ်သေးပေ။

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now