Extra

7.6K 521 34
                                    

Unicode

"အိုး ဒီချစ်စရာကလေးလေးတွေက ဘယ်သူလေးတွေများလဲ"

"ဟီးဟီး ဖိုးဖိုးချန်"

ပါးဖောင်းဖောင်းလေးတွေ မို့တက်အောင် ပြန်ပြုံးပြလာသည့် ကလေးနှစ်ယောက်မှာ အနောက်တိုင်းဝတ်စုံလေးတွေနှင့် တကယ့်ကိုအသည်းယားစရာလေးတွေပင်။

နှင်းဆီပွင့်ဖတ်တွေထည့်ထားသည့် ကြိမ်ခြင်းသေးသေးလေးများကို ကိုယ်စီကိုင်ထားကျပြီး ဖန်းဖန်းကတော့ စီနိယာဟောက်ရွှမ်းရှေ့သို့သွားကာ ဂါဝန်လေးကို ဝဲပြနေသည်။

"ကဲကဲ အသဲကျော်လေးတို့ ဟိုမှာမင်းတို့ပါးပါးလာနေပြီ။ပန်းကြဲဖို့ သွားကျတော့"

ကျိုးချန်စကားကြောင့် ဟိုက်ခွမ်းလက်ကိုတွဲကာ လျှောက်လမ်းအတိုင်း ဝင်လာသည့် ရှောင်းကျန့်ရှေ့သို့ ဖန်းဖန်းနဲ့လုလုက နေရာယူလိုက်ကြပြီး ပွင့်ဖတ်လေးများ ကြဲကြတော့သည်။

အဖြူရောင်Suitနဲ့ မြေခွေးလေးကတော့ သူ့ရှေ့က လှုပ်တုတ်တုတ်နဲ့ ကလေးနှစ်ယောက်ကိုကြည့်ကာ သဘောတကျပြုံးလေသည်။လျှောက်လမ်းရဲ့ထိပ်ဆုံးမှာတော့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကိုကြည့်ပြီး မျက်ခုံးနှစ်ခုကြား လက်ထောက်ငိုရင်း စောင့်နေသည်။

"ဖေဖေ မငိုနဲ့လေ မလှတော့ဘူး"

"အင်းပါ လုအာရယ် ပါးပါးကချစ်ဖို့ကောင်းလွန်းလို့ ဖေဖေငိုမိတာပါ"

"ချစ်ဖို့​ကောင်းရင် ငိုရတာလားကျဲကျဲ"

"လျှာရှည်မနေနဲ့ ဟိုမှာနင့်စီနိယာရုပ်ဆိုး လာနေပြီ . .သွားရအောင်"

ပန်းကြဲပီးသွားတဲ့ သားနဲ့သမီးက ခြင်းတွေကိုတရွတ်တိုက်ဆွဲရင်း ထွက်သွားကြတော့သည်။ယက်ကန်ယက်ကန်နဲ့လုအာကိုတော့ ဖန်းအာကဂုတ်မှဆွဲသွားလေသည်။

"ရိပေါ် . . .  သားကျန့်နဲ့မြေးလေးတို့ကို ပျော်အောင်ထားပေးပါ။ပြီးတော့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးပါ။တောင်းဆိုပါတယ်။"

"ကျွန်တော်ကတိပေးပါတယ် . . ဘယ်အရာ​အတွက်နဲ့မှ စိတ်ညစ်ညူးမှုတစိုးတစိမရှိအောင် ထားပါ့မယ်။လိုချင်တာ မှန်သမျှကိုလည်း ဖြစ်နိုင်အောင် ဖြည့်ဆည်းပေးပါ့မယ်"

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now