Unicode
(ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဖတ်ပါWarningပေးထားပါတယ်။)
ပေကျင်းမြို့ရဲ့ ဆောင်းရာသီမနက်ခင်းလေးက ထင်ထားတာထက် ပိုပြီးအုံ့မှိုင်းနေတာကြောင့် ရှောင်းလီလီ တခုခုကို ခန့်မှန်းမိသွားသလို အိပ်ရာထက်ကနေ ကမန်းကတမ်း ထလာမိတော့သည်။တလိပ်လိပ်တက်နေတဲ့ တိမ်တွေက မဲမှောင်ထူထပ်နေတယ်။လှေကားအတိုင်း တဒုန်းဒုန်း ဆင်းလာမိတာ သူမကိုယ်သူမ အသက်အတော်ကြီးရင့်နေတဲ့ ဖွားအေကြီးတစ်ယောက်ဆိုတာလည်း သတိမထားနိုင်တော့။
အောက်ထပ်ရောက်ရောက်ချင်း ထမင်းစားခန်းထဲ ဝင်မိတော့ ကျိရန်နဲ့ အိမ်ကိုလာလာနေတဲ့ ဟိုကလေးကိုတွေ့လိုက်တယ်။ဘာတဲ့ဝမ်ဟောက်ရွှမ်းဆိုလား။မှတ်မိသေးတယ် ပထမဆုံးရက် သူမကိုလာတွေ့တော့ ကုတ်ချောင်းကုတ်ချောင်းနဲ့ မသိရင်ချက်ချင်းပဲ သူတို့ကို ခွဲတော့မယ်ပုံစံမျိုးဖြစ်အောင် ကြောက်ပြနေတယ်။ဘာတတ်နိုင်မှာလဲ။ဒီရှောင်းလီလီဆိုတဲ့ နှစ်ချို့မြေခွေးမကြီးက ကိုယ့်သွေးသားတွေနဲ့ပတ်သက်ရင် ကကြီးအစ အ အဆုံးသိနေလေတော့ လွှတ်သာထားလိုက်တော့တယ်။မလွှတ်လို့လဲမရဘူးလေ သူတို့က ခြေလွန်လက်လွန်အကုန်လွန်ပြီးနေတော့.....။သူမလဲအသက်ကြီးနေပြီး နေရာတကာ ဝင်မပါချင်။
"မင်္ဂလာပါ ဖွားဖွား"
"အေးအေး ဒီနေ့စောရောက်နေတာပဲ"
နှုတ်ဆက်လာတော့လည်း ကောင်းကောင်းမွန်မွန် ပြန်ပြောရတော့တာပေါ့။မဆိုးပါဘူး ဒီကောင်လေးက လူရည်မွန်လေးပါပဲ။မိုးမခသားတော်ဖြစ်လို့ သိပ်မကြိုက်ချင်ပေမယ့် ကံကြမ္မာစာအုပ်မှာ ဒီကလေးနဲ့သားကျိရန်ရဲ့ အနာဂတ်ကလှပတယ်။
"စောရောက်နေတာမဟုတ်ဘူးဗျ မနေ့ညထဲကမပြန်တာ"
"ဟမ်!!!!!!!"
အမယ်လေး စောစောစီးစီး သွေးတက်ပါပြီဟဲ့။မခို့တရို့ ရှက်ပြုံးနဲ့ ခေါင်းငုံ့သွားတဲ့ ကျိရန်ကြောင့် တောထဲမှာနေတုန်း မျိုးနွယ်ဝင်တွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ သားတော်မောင်ကို မြင်ယောင်မိလေတယ်။ဒီကောင်လေး လူစားများထိုးခံလိုက်ရတာလား။တကယ်ပါ ဒီကလေးတွေနားသာ ဆက်နေရင် အနှစ်နှစ်အလလ ရန်သူတွေသတ်တာမသေတဲ့ တော်ဝင်ရှောင်းလီလီက ဒီနေရာမှာ သွေးအန်သေသွားတယ် ဖြစ်နေမယ်။ကြားမကောင်းဘူး မြန်မြန်ထွက်သွားမှ။
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...