Unicode
ရှောင်းကျန့်အိမ်ကို ပြန်ရောက်တော့ ဧည့်သည်တွေ အားလုံးပြန်သွားကြပြီဖြစ်သည်။ပစ္စည်းတွေလည်း သိမ်းဆည်းပြီးကြပုံပင်၊ခုံတွေကို စားပွဲပေါ်ထပ်ဆင့်ကာ မှောက်ထားလေသည်။
"စီနိယာဟောက်ရွှမ်း ကျွန်တော်အိမ်ထဲဝင်တော့မယ်ဗျ။ မနက်ဖြန်ကြ စီနိယာရိပေါ်ကို သွားကြည့်ဖို့ လာခေါ်ပေးပါဦး"
"Ok Okလာခေါ်လှည့်မယ် ။ဒါနဲ့ ..."
တစ်ဖက်သို့လှည့်တော့မည့် ရှောင်းကျန့်က ဟောက်ရွှမ်းအသံကြောင့် နောက်ကိုပြန်လှည့်ကြည့်လိုက်သည်။
"ပြောပါ စီနိယာ"
"ဟိုလေ...အဲ့တစ်ယောက်က မင်းနဲ့ဘာတော်တာလဲ"
ကားခေါင်းခန်းထဲက လက်ညှိုးထိုးကာ ရှောင်းကျန့်အနောက်သို့ ညွှန်ပြလိုက်တာကြောင့် ရှောင်းကျန့်လဲ နောက်ကိုလှည့်ကြည့်လိုက်သည်။ဖြတ်ခနဲ အိမ်ထဲပြေးဝင်သွားသည့် အရိပ်ကလေးက အမြင်မမှားနိုင်စွာ သေချာပေါက် လေးငယ်ပင်။
"အာ...အဲ့ဒါကျွန်တော့်ဦးလေးပါ စီနိယာ။ဘာဖြစ်လို့လဲ။"
"အော် ဘာမှမဖြစ်ပါဘူး။ဒီတိုင်း မေးကြည့်တာ"
"ဟုတ်ကဲ့ ဒါဆိုကျွန်တော်သွားပြီ"
"အေးအေး"
ရှောင်းကျန့် ခေါင်းတကုတ်ကုတ်နဲ့သာ အိမ်ထဲဝင်လာခဲ့တော့သည်။အိမ်ထဲရောက်တော့ ဧည့်ခန်းမှာ ပါးပါးနဲ့ ဖွားဖွား၊လေးငယ်နဲ့ကျိုးချန်တို့ပါ ထိုင်စောင့်နေကြလေသည်။ရှောင်းကျန့်ဝင်လာတာမြင်တော့ ပါးကထိုင်နေရာမှ မတ်တပ်ထရပ်ကာ ရှောင်းကျန့်ဆီလျှောက်တော့သည်။
"သား ဟိုကလေးအဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ပြေပါတယ်ပါးပါး။မနက်ဖြန်လည်း သားထပ်သွားကြည့်ဦးမှာပါ။ပါးပါးတို့ရော အားလုံးဘေးကင်းကြရဲ့လား။ဟိုကြယ်မျိုးနွယ်တွေ သားထွက်သွားပြီးတော့ ထပ်ရောက်လာသေးလား။"
"ဟင့်အင်း ထပ်ရောက်မလာတော့ဘူး။ပါးပါးတို့အားလုံး ဘေးကင်းပါတယ်။"
"ဒါနဲ့ရှောင်းကျန့်......... စီနိယာရိပေါ်ကဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...