Unicode
"ရှောင်းကျန့် bye bye"
"အင်း Bye byeကျိုးချန်"
လမ်းဆုံမှာ ရှောင်းကျန့်နဲ့ ကျိုးချန် နှုတ်ဆက် လက်ပြလိုက်ကြသည်။ရှောင်းကျန့်တို့ အိမ်က ရွှေရောင်ထပ်တစ်ရာပန်းခင်းတွေရဲ့ အလွန်မှာ ရှိတယ်၊ တောစပ်ကိုပါ ဖြတ်ပြီးမှ ရောက်နိုင်တယ်။
လမ်းဘေးက သစ်ချောင်းလေး တစ်ခုကို ကောက်ကိုင်လိုက်ကာ ဘယ်ညာယမ်းရင်း အိမ်မပြန်ချင်သေးတာကြောင့် ခုန်ဆွခုန်ဆွနှင့်ပင် ထပ်တစ်ရာပန်းခင်းထဲ ဝင်လာခဲ့သည်။
Marigoldလို့ ခေါ်တဲ့ ရွှေရောင်ထပ်တစ်ရာပန်းတွေက အောက်တိုဘာလမှာ မွေးဖွားသူတွေအတွက် ကံကောင်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေကို ယူဆောင်လာပေးတယ်တဲ့။ အဲဒါကြောင့် ရှောင်းကျန့် အရောင်အသွေး တောက်ပပြီး အမြင်အာရုံကို စွဲငြိစေတဲ့ သူ့မွေးလရဲ့ပန်းကို အရမ်းကြိုက်တယ်။
ပန်းလေးတွေကို ဟိုတို့ဒီထိနဲ့ ရှောင်းကျန့်က တချက်တချက် အပွင့်လှလှလေးတေကိုလည်း ခပ်ဆတ်ဆတ် ချိုးတတ်သေးသည်။ဒါပေမယ့် သူ့လက်က အားပါသွားပုံပင် လက်ထဲပါလာတဲ့ Marigoldလေးတွေက ပုံပျက်ပန်းပျက်ရယ်။
"ဟွန့်...... ကြည့်ကောင်းတာကိုမပါဘူး"
နောက်ဆုံး ဘယ်လောက်ခူးခူး လှလှလေးရမလာတာကြောင့် ပန်းပွင့် အကြေလေးတွေကိုသာ တယုတယ ယူလာခဲ့တော့သည်။တောစပ်က လမ်းလေးအတိုင်း သီချင်းတအေးအေးနဲ့ လျှောက်လာရင်း မျက်စိရှေ့ကို တည့်တည့်ဝင်လာတာက ဖြူစွတ်စွတ် ယုန်လေးတစ်ကောင်။
"အဟင်း အဟင်း မင်းနဲ့ငါတွေ့ကြပြီပေါ့ ယုန်လေးရာ"
ရှောင်းကျန့် Marigoldတွေကို ဘေးအိတ်ထဲ ထောင်ထည့်လိုက်ပြီး ယုန်လေးနောက် လိုက်တော့သည်။ယုန်ပါးလေးကလည်း ရှောင်းကျန့် လိုက်လာတာကို မြင်သည်နှင့် တောထဲသို့ သုတ်ခြေတင်ကာ ပြေးလေသည်။
"ရှောင်းကျန့်ကို ပေါ့သေးသေးမမှတ်နဲ့"
ပါးပါးက တောထဲကို မဝင်ဖို့ တင်းတင်းကြပ်ကြပ် မှာထားပေမယ့် သူ့ကို စိန်လာခေါ်သည့် ဒီယုန်ကို အကြောပေးလိုက်လို့ လုံးဝမဖြစ်။ရှည်လျားတဲ့ခြေတံသွယ်သွယ်တွေကြောင့် အပြေးမြန်တယ်ဆိုတဲ့ယုန်လောက်ကို အသာလေးမှီသည်။ဇွတ်ခနဲ ယုန်လေးကို ပွေ့ချီလိုက်ကာ မျက်နှာချင်းဆိုင်ကြည့်ပြီး လက်ညှိုးလေးနှင့် နှာခေါင်းကို တို့လိုက်သည်။
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...