Unicode
Helmetကို ပေါင်ပေါ်တင်ကာ ဆိုင်ကယ်ပေါ်မှာ ထိုင်ရင်း ရှေ့တူရှုကိုကြည့်နေသည့် ရိပေါ်က ညာဘက်လက်ကနာရီကိုလည်း ခဏခဏမြှောက်ကြည့်နေမိသည်။သူဒီမှာ ထိုင်စောင့်နေတာ ၁နာရီကျော်ကြာပြီ ဒါပေမယ့် အခုချိန်ထိ ရှောင်းကျန့်ကမလာသေး။ခါတိုင်းသေချာပေါက် ဒီလမ်းကကျောင်းသွားတတ်မြဲကို ဘာလို့မလာသေးမှန်းမသိ။
"ကျစ်..ကျောင်းနောက်ကျတော့မှာပဲကွာ"
ရိပေါ်လည်း ဆိုင်ကယ်ပေါ်ကို ပြန်ခွတက်ကာ စက်နှိုးပြီး ဆိုင်ကယ်ထွက်မယ်လုပ်ကာမှ ပါးစပ်ထဲမှာ မုန့်တွေပလုတ်ပလောင်းနဲ့ လှုပ်တုတ်လှုပ်တုတ်လျှောက်လာနေသည့် အရိပ်လေးကြောင့် စက်ပြန်သတ်ကာ လက်ပိုက်ရင်း အနားရောက်လာမည်ကိုသာ စောင့်နေလိုက်သည်။
ရှောင်းကျန့်ပါးစပ်ထဲက ချောကလက်ပေါင်မုန့်ကိုဝါးနေရင်း မျက်စိရှေ့တည့်တည့်က ရိပေါ်ကြောင့် နင်သွားကာ ပြေးပေါက်ရှာရတော့သသည်။သေချာ ရိပေါ်နဲ့မဆုံအောင် နောက်ကျမှာ ထွက်လာတာကို အခုချိန်ထိ စောင့်နေပါ့မယ့်လို့ ဘယ်သူကထင်ထားမှာတုန်း။ဝါးလက်စကို ပါးစပ်ထဲ အမြန်ထိုးထည့်ကာ ကျောပိုးအိတ်ကို ရင်ခွင်ထဲပိုက်ပြီး နောက်ပြန်လှည့်ပြေးတော့သည်။
ကြည့်နေရင်း ရုတ်တရတ် နောက်ပြန်လှည့်ပြေးသွားသော ရှောင်းကျန့်ကြောင့် ရိပေါ် ခဏကြောင်သွားပြီး နောက်တော့နားလည်သွားသလို တဟားဟား ရယ်ကာ ဆိုင်ကယ်နှင့် ရှောင်းကျန့်အနောက်သို့ အမြန်လိုက်တော့သည်။
နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဆိုင်ကယ်နဲ့အမှန်တကယ် လိုက်လာမှန်းလဲသိရော ရှောင်းကျန့်ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်သွားရသည်။ငေးနေတုန်း ဝုန်းခနဲ အနားရောက်လာသည့် ဆိုင်ကယ်ကြောင့် မျက်လုံးကို တင်းခနဲ မှိတ်ချလိုက်သည်။
"ဖူးးးး"
မှိတ်ထားတဲ့ မျက်ခွံတွေပေါ်ကျရောက်လာသည့် လေငွေ့နွေးနွေးကြောင့် ရှောင်းကျန့်ရဲ့ မျက်တောင်စိပ်စိပ်လေး လှုပ်ခါသွားရသည်။မျက်တောင်လေးတွေထက် အထိမခံနိုင်သည့် နှလုံးသားဟာလည်း တုန်လှုပ်လို့သွားရသည်။တော်သေးတာပေါ့ သူ့နှလုံးသားကို ရိပေါ်မမြင်နိုင်လို့။
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...