Unicode
ရှောင်းကျန့် ကောင်စီရုံးခန်းမှ အဖြစ်အပျက် အစုံအလင်ကို ပြောပြလိုက်တော့ ကျိုးချန်မှာ ခေါင်းတညိမ့်ညိမ့်နှင့် မေးစေ့အား ပွတ်ကာ ဆရာကြီးစတိုင်ဖမ်း၍ စဥ်းစားခန်းဝင်လေတော့သည်။
"ငါ့အထင် မင်းကိုကြိုက်နေတာပဲ ဖြစ်မှာ"
တော်တော်ကြာ စဥ်းစားနေရာမှ ထွက်လာသည့် စကားကြောင့် ရှောင်းကျန့် ကျိုးချန်ခေါင်းကို ပက်ခနဲနေအောင် ရိုက်လိုက်သည်။
"သေလေ....ကြောင်စုတ်....အဲ့ကောင်လေးကဒီလောက်ဘွင်းဘွင်းရှင်းရှင်းကြီး ပြောထားတာကို မင်းအတော်လေးစဥ်းစားယူလိုက်ရတယ်ဟုတ်လား.....မင်းကိုငါပြောပြီးသားပဲ.....ငါလူသားတွေကိုစိတ်မဝင်စားပါဘူးလို့....ဘယ်လိုမှမဖြစ်နိုင်တဲ့အရာကြီးလေကွာ.....အဲ့ဒါကြောင့်ဖြစ်လာမယ့် ကိစ္စကို ကြိုတင်ပိတ်ပင်ရအောင် မင်းအကြံဥာဏ်တောင်းနေတာ....ပေါက်ကရတွေမပြောစမ်းနဲ့ကွာ"
"အင်းပါကွာ....ဒီတခါတကယ်စဥ်းစားပေးမယ်....လောလောဆယ်တော့ ကန်တင်းကပြန်ကြရအောင်...."
"ငါဘာမှမစားရသေးဘူး....အကုန်လုံးမင်းပါးစပ်ထဲရောက်သွားတဲ့ဟာ"
"အော်....ငါယူစားတာလား...မင်းအတင်းထိုးကျွေးတာလား....မစားနဲ့တော့ကွာ...နေ့လည်ခင်းအတန်းလစ်ပြီး....မင်းတို့အိမ်မှာ ပန်းချီသွားဆွဲကြမယ်"
"တော်တော်တရားတဲ့ကောင်.....ပြီးတော့ဒီနေ့မှ ပထမဆုံးကျောင်းတက်ရတာကို အတန်းကလစ်ဦးမယ်ပေါ့"
"ဘာတုန်းမင်းကမလိုက်ဘူးလား ......မလိုက်လဲနေခဲ့....တစ်ယောက်တည်းကျန်ခဲ့ပြီး.....ဟိုကောင်လေး....သူ့ရုံးခန်းထဲခေါ်......ဆွဲစိလိုက်ရင်....အေးရောပဲ"
"ဟာ!!!လိုက်...လိုက်မှာ.....ငါအဲ့ကလေးကိုကြောက်လို့မဟုတ်ဘူးနော်....မင်းငါ့အိမ်မှာ....ပါးနဲ့နှစ်ယောက်တည်းရှိနေမှာကိုစိတ်မချလို့"
"အမယ်....မင်းကပဲပြောရတယ်ရှိသေး....ငါ့ဦးက မင်းကလေးလို လက်ရဲဇတ်ရဲမဟုတ်ဘူး....ငါ့ဘဝကမြင်းကမလှုပ်၊ခုံကလှုပ်နေရတဲ့ဘဝ....ပြီးတော့ငါကမင်းလို လုပ်သမျှကို မကြိုက်သလိုနဲ့ စိတ်ထဲကကြိတ်ကျေနပ်နေမယ့်သူမဟုတ်ဘူး အစထဲက ပြုံးပြုံးကြီးလက်ခံမှာ"
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...