Unicode
ခရမ်းနုရောင်ထနေသည့် တိမ်စိုင်လေးတွေက ကလူ၏သို့ မြူ၏သို့ ရွေ့လျားနေတယ်။ထွေလီကာလီရောယှက်နေသည့် လိမ္မော်ရောင် တိမ်သားတချို့ကလည်း ကောင်းကင်ယံမှာ နေရာယူနေတာမို့ ညနေခင်းရဲ့အလှက ပိုမိုအသက်ဝင်နေကာ ရင်သပ်ရှုမောဖွယ်ပင်။နတ်ရေးတဲ့ပန်းချီလို လှပနေတဲ့ ညနေခင်းနောက်ခံနှင့် မုခ်ဝတံခါးမှ ပင်မနန်းဆောင်သို့ ဝတ်ရုံကိုလက်စသိမ်းပီး တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းလာသည့် နတ်ဘုရားတစ်ပါးဟာ အကြည့်မလွှဲချင်လောက်အောင် ပြည့်စုံလှသည်။
ခိုးခိုးခစ်ခစ် ရယ်မောနေသည့် နတ်ပျိုမယ်လေးတွေက ထိုနတ်ဘုရားရဲ့ ဂရုပြုမှုကိုယူရရန် အလုအယက်ကြိုးစားနေပုံပင်။မျက်နှာသေနဲ့ ထိုနတ်ဘုရားကတော့ ဘာအရာကိုမှ စိတ်ထဲမရှိပုံ ဒါထက် တစ်စုံတစ်ရာကသာ နှလုံးသားနဲ့စိတ်ဝိညာဥ်အပြည့် လွှမ်းမိုးခံထားရပုံသာ။
ရွှေရောင်အနားကွတ်တချို့နဲ့ ခမ်းခမ်းနားနား ပြင်ဆင်မှုတွေအပြည့်ရှိနေသည့် နန်းဆောင်ကြီးဆီသို့ ရောက်တော့ အဆောင်တံခါးဝမှာ အရင်မတ်တပ်ရပ်လိုက်သည်။အဆောင့်ရှေ့မှာ ကင်းစောင့်နေသည့် နတ်သူငယ်လေးတွေက ရိပေါ်ကို မြင်တာနဲ့ အရိုအသေပေးကာ အဆောင်ထဲပြေးဝင်သွားကြသည်။ခဏကြာတော့ ပြန်ထွက်လာကြပြီး ခေါင်းညိတ်ကာ ဝင်ခွင့်ရကြောင်းပြောသည်။ရိပေါ် ခေါင်းအသာဆတ်ပြကာ အဆောင်တော်ထဲကို ဝင်လာလိုက်သည်။ဒီလိုအချိန်ဆို စာကြည့်သည့်အခန်းမှာ ရှိနေလောက်မည်လို့ ကြိုတွေးမိလို့ အိပ်ခန်းအစား စာကြည့်ခန်းသို့သွားလိုက်သည်။ရိပေါ်တံခါးကို အသာဆွဲဖွင့်ကာ ဝင်လာလိုက်ပြီး နောက်ပြန်တံခါးကိုပိတ်လိုက်သည်။
"မင်းနောက်ဆုံးတော့ရောက်လာပြီပေါ့။ဘာလည်း မင်းသိပ်ချစ်ပါတယ်ဆိုတဲ့လူက အရေးမလုပ်လို့ ဒီပြန်ရောက်လာတာလား။အဲ့လိုဆိုရင်တော့ မင်းကသိပ်သနားစရာကောင်းသွားပြီပဲ။သူ့အတွက် ငါရဲ့စကြာဒဏ်ကိုတောင် ကိုယ်စားဝင်ခံပေးထားတာမလား??"
ကျောပေးထားရက် တံခါးပိတ်နေတဲ့ လက်တွေက ခဏတော့ ရပ်တန့်သွားသည်။ဒါပေမယ့် သက်ပြင်းသာဖွဖွချလိုက်ပြီး ပါးပါးထိုင်နေသည့် ကျောက်စားပွဲခုံရှိရာသို့ တစ်လှမ်းချင်းလျှောက်လာလိုက်သည်။ပါးပါးနဲ့ စားပွဲခြားသည့် မျက်နှာချင်းဆိုင်တည့်တည့်မှာပင် တင်ပလ္လင်ချိတ်ထိုင်ကာ လက်နှစ်ဖက်ကို ဒူးပေါ်သို့တင်လိုက်သည်။ပြီးမှ မျက်ဝန်းဖျော့တို့နဲ့ လှမ်းကြည့်လိုက်သည်။
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...