Unicode
"၁နဲ့၃ပေါင်းရင်၄မဟုတ်လားစီနိယာ"
"အင်းဟုတ်တယ်လေ"
ရေးနေတာအင်္ဂလိပ်စာ စာတမ်းကိုမှ သင်္ချာကိုထမေးလိုက်သော ရှောင်းကျန့်ကြောင့် ရိပေါ် laptopဆီမှ အကြည့်ခွာကာ ခေါင်းညိမ့်ပြလိုက်သည်။ဆိုဖာပေါ်မှာထိုင်ကာ ဘောပင်ကိုမေးသို့တောက်နေပြီး နောက်တစ်ခွန်းထပ်မေးလာသည်။
"၅ထဲက၁ကိုနှုတ်ရင်လည်း၄ရတာပဲမလား"
"အင်း ဘာပဲဖြစ်ဖြစ်အဖြေတူတာပဲလေ။ဘာလို့မေးတာလဲကျန့်"
"ကျွန်တော်စဥ်းစားနေတာ"
"ဟင်..ဘာတွေစဥ်းစားနေတာလဲ"
ရိပေါ်ထိုင်ခုံမှ ထလာကာ ရှောင်းကျန့်ထိုင်နေသည့် ဆိုဖာဘေးတွင်လာထိုင်လိုက်သည်။
"၁နဲ့၃ပေါင်းလဲ၄၊ ၅ထဲက၁နှုတ်လဲ၄ရသလို ကျွန်တော့်နှလုံးသားရဲ့ ဘယ်ဘက်ခြမ်းကိုပဲထုတ်ထုတ်၊ ညာဘက်ခြမ်းကိုပဲထုတ်ထုတ် ဝမ်ရိပေါ်ဆိုတာက ရှိနေတုန်းပဲ အဲ့တော့ဒီပုစ္ဆာနှစ်ခုက အတူတူပဲပေါ့နော်"
မျက်လုံးလေး ပေကလယ်ပေကလယ်နဲ့ အတည်ပေါက်ကြီးလို မေးလိုက်သည့် ရှောင်းကျန့်စကားကြောင့် ရိပေါ်မှာ ပါးစပ်ကြီးဟပြီး ငုတ်တုတ်မေ့သွားသည်။
"စီ..စီနိယာ..သတိထားပါဦး"
ရှောင်းကျန့် လက်ကိုဟိုယမ်းဒီယမ်းနဲ့ သတိပြန်ပေးလိုက်မှ သတိဝင်လာကာ ရှောင်းကျန့်ကိုရင်ခွင်ထဲဆွဲသွင်းလာသည်။ဆံပင်ဖောင်းဖောင်းလေးတွေထဲ လက်ချောင်းတို့နစ်ကာ ထိတွေ့ကစားပေးရင်း
"အတတ်ကလေး ဘာလို့ဒီလောက်တောင်တတ်နေရတာလဲ..ဟမ်...ကို့ကိုဒီထက်ပိုပြီး ရူးသွပ်စေချင်တာလား~ပြောပါဦး!"
မေးဖျားလေးမှဆွဲမော့ပြီး နှာခေါင်းထိပ်ချင်း ထိတွေ့ ကျီစယ်ရင်း မေးလိုက်တော့ တခစ်ခစ်နဲ့ ရယ်လေတော့သည်။ခဏကြာတော့ ရင်ခွင်ထဲက ရုန်းထွက်ပြီး ခါးထောက်ကာ ရိပေါ် ကို လက်ညှိုးတထိုးထိုးနှင့်
"ဘာလဲ ပေါ်တိလေးက ကိုကိုကျန့်ဆီမှာမရူးသွပ်ချင်ဘူးလား!!!!"
"ဘယ်လို..ပေါ်..ပေါ်တိလေး...ကိုကိုကျန့်"
ရိပေါ် ပြူးတူးပြဲတဲနဲ့ မေးလိုက်တော့ ရှောင်းကျန့် လက်ခုပ်တဖြောင်းဖြောင်းတီးကာ ဗိုက်နှိပ်ရယ်တော့သည်။ရိပေါ်မျက်နှာကတော့ တဖြည်းဖြည်း စူပုပ်သထက်စူပုပ်လာတာမို့ ရှောင်းကျန့်လက်တကာကာနဲ့ပဲ ရယ်နေတာကို ရပ်လိုက်သည်။
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...