Unicode
ခပ်လျှောလျှော ဆံထုံးနဲ့ တင်းတင်းစေ့ထားသော ပါးလှပ်လှပ် နှုတ်ခမ်းပါးတို့က တွန့်ချိုးနေတဲ့ မျက်ခုံးနက်နက်တို့နဲ့ ပနံသင့်လှသည်။
အနောက်တိုင်းမှာ နေတဲ့သူပီပီ သူမအလှက ပွင့်လင်းတယ်။ထူးထူးခြားခြား စွဲမက်စရာ မပါပေမယ့် သာမန်ရိုးကျလေးတွေနဲ့ပင် ကြည့်ကောင်းနေသလိုမျိုး။
ကုတင်အောက်က ခြေထောက်ကိုဖက်ရင်း ငိုနေသည့် အဆိုးအပေမလေးနှင့်တော့ ပုံစံချင်းတော်တော်ကွာခြားနေသည်။
ခါတိုင်းနဲ့မတူ သပ်သပ်ရပ်ရပ် စည်းနှောင်ထားသည့် ချစ်ရတဲ့ဆံနွယ်တွေကို လက်ချောင်းတွေ နှစ်ကာ စိတ်ကြိုက်ထိုးမွလိုက်တော့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့မော့ကြည့်လာသည်။
"မဆိုးနဲ့ထတော့"
မတင်းမလျှော့ပဲ လေသံမှန်မှန်နဲ့ ပြောလိုက်တော့ အနားကိုစွေ့ခနဲရောက်လာပြီး ပေါင်ပေါ်တက်ထိုင်လာသည်။
"စိတ်မဆိုးတော့ဘူးမလားဟင်...မဆိုးတော့ဘူးမလားလို့....ဟွားတကယ်တောင်းပန်ပါတယ်...နောက်ခါ ရှန်ကိုထားပြီးဘယ်မှမသွားတော့ပါဘူးနော်"
လက်သုံးချောင်းထောင်ကာ အသည်းအသန်ကတိပေးနေသည့်ပုံစံလေးက ဘယ်လောက်ကြီးတဲ့အမှားလုပ်လုပ် မျက်စိစုံမှိတ်ခွင့်လွှတ်ပစ်ချင်စရာလေးပင်။ဒါပေမယ့် အခုတော့မရပါ။
"နောက်မလုပ်တော့ဘူးဆိုတာ ဘယ်လိုယုံရမလဲ?"
"နောက်..နောက်ခါဟွားထပ်လုပ်မိရင် ရှန်ကြိုက်တဲ့အပြစ်ပေးပါ"
"တကယ်လား..နောင်တမရကြေးနော်"
နားနားကပ်ကာ ခပ်နွေးနွေးလေတချို့ကို မှုတ်ထုတ်ရင်း နှစ်ကိုယ်ကြားလေး ပြောလိုက်တော့ ကိုယ်လေးတုန်တက်သွားရှာကာ ရင်ခွင်ထဲတိုးဝင်လာသည်။
"အင်းတကယ်"
"ဟုတ်ပါပီကွာ...ဒါနဲ့ဝမ်ကောရော ခုနက သုတ်ချေတင်ပြီးပြန်သွားတာ ဘာလို့လဲ"
"အာ...သူ့ကောင်လေးစိတ်ကောက်နေလောက်ပြီတဲ့ အဲ့ဒါကြောင့် ကျောင်းကိုပြန်သွားတာ"
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...