Unicode
နှစ်ပေါင်း၂၀၀ကြာပြီးနောက် ~~~~~~~
ပေကျင်းမြို့ , 2020
"မှတ်တိုင်ရောက်ပါပြီ"
အချက်ပြခလုတ်လေးမှ အသံမြည်လာတာကြောင့် မှန်တံခါးမှီကာ အိပ်ပျော်နေသည့် ရှောင်းကျန့် လန့်နိုးသွားရသည်။နှုတ်ခမ်းထောင့်မှ စီးကျနေသည့် သွားရည်တချို့ကို အင်္ကျီလက်နဲ့ ဟန်ပါပါ သုတ်လိုက်ပြီး ပွင့်ဟလာသည့် တံခါးမှ မှတ်တိုင်သို့ ခြေချလိုက်ကာ လက်များကို အားရပါးရ ဆန့်တန်း၍ အညောင်းဖြေလိုက်သည်။
"ဝှါး......ဒီနေ့ညလည်း အိပ်ရေးမဝပြန်ဘူး"
ပါးစပ်ဟောင်းလောင်းလေးကို လက်နှင့် တဖတ်ဖတ်ပုတ်ကာ အင်္ကျီဘေးအိတ်ကပ်ထဲမှ အနက်ရောင်နားကြပ်လေးကို ဆွဲထုတ်၍ နားထဲထိုးထည့်လိုက်သည်။ပလက်ဖောင်း တစ်လျှောက် လက်ဖျောက်လေးကို သီချင်းနဲ့အညီ စည်းချက်အလိုက်တီးကာ အနုပညာတက္ကသိုလ်သို့ လျှောက်လှမ်းလာသည်။
အရောင်အသွေး စုံလင်လှသည့် ကျောင်းတော်ကြီးဟာ တခြားပထမနှစ်လေးတွေအတွက် အသစ်အဆန်း ဆိုပေမယ့် နှစ်၁၀၀၀တိတိ အသက်ရှင်နေသည့် ရှောင်းကျန့်အတွက်တော့ ရာစုနှစ်ပေါင်းများစွာအတွင်း ကျောင်းတော်ကြီးရဲ့ တိုးတက်မှုတွေကို မြင်တွေ့လာရလို့ထင် ဘာမှမဆန်းပြားနေ။
"ရှောင်းကျန့်~~~~~~!!!!!!!!"
နှစ်ယောက်မရှိတဲ့ ချစ်သူငယ်ချင်းကြီးရဲ့ အသံကတော့ အမြဲတမ်းစူးရှနေတုန်း။အသက်တွေသာကြီးလာတယ် တည်တည်ငြိမ်ငြိမ်ကို မရှိသေးတာ။
"ကျစ်!!အော်လိုက်တာကျန်းချန်ရာ~~"
"ငါ မင်းကို ကျောင်းပေါက်ဝထဲက ခေါ်နေတာ မင်းမှမကြားတာ.....မင်း နားပါးသင့်တယ်မဟုတ်ဘူးလား"
"သိဘူး အိပ်ရေးမဝလို့ ဂယောင်ချောက်ချားတွေ ဖြစ်နေတယ် ဘာမှမကြားဘူး"
"ဟမ့်~~!!!မင်းအဲ့ဒီ အခြေအမြစ်မရှိတဲ့ စာအုပ်တွေကို ထပ်ဖတ်နေပြန်ပြီလား???"
"မှန်တာများ ပါမလားဆိုပြီး ဖတ်ကြည့်ပါတယ် ။ အရင်ဘက်ခဲ့တဲ့ စာအုပ်တွေလိုပဲ အခြေခံကအစ သူတို့ဘာသာ စိတ်ကူးယဥ်ထားတာတွေချည်းပဲ"
BẠN ĐANG ĐỌC
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...