Unicode
"ရောက်လာသေးတယ်ပေါ့ အမောင်ရိပေါ်"
"ဒါပေါ့ငါ့သူငယ်ချင်းလေးတွေကို
ပစ်ထားစရာလား""သြော်ပစ်မထားပေလို့ပဲ...
ဆေးရုံနားရက်လေးပဲ...ဆိုင်ထိုင်ဖို့
ချိန်းမိပါတယ် တစ်နာရီတောင်
နောက်ကျပြီးမှ ရောက်လာတယ်...
ဘယ်တွေသဝေထိုးနေတာလဲဟမ်""ကျောင်းပိတ်ရက်မှာ ကျန့်မျက်နှာလေးကို သွားမော်ဖူးထားလေ...မင်းလိုFaက
ဒါမျိုးတွေ နားလည်မှာမဟုတ်ပါဘူး.....
ဟုတ်တယ်မလားဟောက်ရွှမ်း??"အမေရိကန်နိုတစ်ခွက်ကို
တစိမ့်စိမ့်သောက်နေတဲ့ ဟောက်ရွှမ်းက လက်မထောင်ကာ ထောက်ခံလေသည်။"အမှန်ပဲ ငါတောင်မင်းတို့နဲ့ တွေ့ပြီးရင်
ကျိရန်ဆီသွားတော့မှာ""အေးလုပ်ထားကြဖေ့သားကြီးတို့
ငါ့သာချစ်သူရရင် မင်းတို့ထက်
ဆယ်ဆသဲကဲပြမယ် ဟွန့်"နှုတ်ခမ်းတထော်ထော်နဲ့
ယွီပင်းကိုကြည့်ပြီး ဟောက်ရွှမ်းနဲ့ရိပေါ်
ထိုင်ရယ်ကြတော့သည်။"ရ ရပါစေဦး"
"အေးလေ မင်းဖူးစာရှင်က ဒီကမ္ဘာကို ရောက်မလာသေးဘူး......
မင်းဆေးမြစ်တွေနဲ့သာ အတူတူနေတော့""ရောက်လာမှာပေါ့!!!
မင်းတို့နော်...နှစ်ယောက်တစ်ယောက်ဆိုပြီး ဝိုင်းမဖဲ့နဲ့ လာရင်းကိစ္စသာ ပြောတော့!!"ထိုအခါမှ စနောက်နေတာတွေ
အရှိန်သတ်လိုက်ကြကာ ရိပေါ်ကစပြီး_"လာရင်းကိစ္စက မင်းချိန်းလို့လေ
မင်းပဲတွေ့ချင်လို့ဆိုပြီး...""အော် အေးဟုတ်သား
ငါမင်းတို့နှစ်ယောက်လုံးကို
ပြောစရာရှိလို့ ချိန်းလိုက်တာ။
အခုမင်းတို့နှစ်ယောက် ကိုယ့်ကိုကိုယ်
ဘာလုပ်နေလဲဆိုတာ သိကြသေးရဲ့လား။ဟောက်ရွှမ်း မင်းကိုငါပြောမယ်။
ရိပေါ်ကိုတောင် မနိုင်လို့လွှတ်ထားရတာ။ မင်းကပါ အခုဘာတဲ့ ရှောင်းကျန့်ဦးလေး စုန့်ကျိရန်နဲ့ ထပ်ပြီးချစ်သူတွေ ဖြစ်နေတယ်။
မင်းတို့အနာဂတ်ကိုမစဥ်းစားတော့ဘူးလား??ငါတကယ်ရင်လေးတယ်။
ကျိရန်မားသားကြီးက တကယ့်မြေခွေးမျိုးနွယ်မှာ အကောင်ကြီးနော်။
မင်းကိုသူ့သားနဲ့ ဖြစ်နေတာသာ သိကြည့် ဒီတိုင်းလွှတ်ထားမှာ မဟုတ်ဘူး။
သူမက သားနှစ်ယောက်နဲ့မတူပဲ သိပ်ရက်စက်တာလို့ ကြားတယ်။"
YOU ARE READING
𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)
FanfictionUnicode တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုတေလေးပဲစားမှာ။ငါကတော့မင်းတစ်ကိုယ်လုံးကိုပါစားမှာ။ Wang Yi Bo အသွားထက်တဲ့ဓားကောင်းတစ်လက်ကိုအချိန်ပေးသွေးခဲ့တာခင်ဗျားနှလုံးအိမ်ကိုထိုးစိုက်ဖို့မဟုတ်ဘူး။ Xiao Zhan Zawgyi တခြားငါ့မျိုးနွယ်ဝင်တွေကမင်းရဲ့အမြှုေ...