Part 27

4.5K 472 27
                                    

Unicode

ပေကျင်းမြို့ရဲ့ မနက်ခင်းလေးဟာလည်း နောက်တစ်ဖန်ရွာသွန်းလိုက်သည့် မိုးတွေကြောင့်ထိုင်းမှိုင်းပြီး ခပ်အုံ့အုံ့ဖြစ်နေပြန်သည်။ရာသီဥတုနဲ့ခြားနားစွာ မြို့ပြင်လမ်းမကြီးဘေးက တောအုပ်ထဲမှာတော့ ကြံ့ခိုင်သန်မာတဲ့ မြေခွေးတစ်အုပ်က တိုက်ပွဲအစချီဖို့ အနောက်မြောက်ပိုင်းရှိ Zhangjiajie stone forestရဲ့တောနက်ပိုင်းဆီသွားရန် တာဆူနေကြသည်။

စစ်ချီကြွေးကြော်သံတို့ဟစ်ကြွေးကာ အားပေးနေသံက သစ်တောတစ်ခုလုံး ဟိန်းထွက်နေပါသော်လည်း နှစ်ချို့မြေခွေးမကြီးတစ်ကောင်ရဲ့ စွမ်းအားတွေကြောင့် အပြင်ဘက်လောကဆီသို့တော့ တိုးမပေါက်သွား။မြောက်ပိုင်းမှာစစ်ပွဲဖြစ်ဖို့နေရာကောင်းသိပ်မရှိတာမို့ ရှောင်းလီလီအရင်ကစစ်ပွဲနေရာမှာဖြစ်သည့် အနောက်မြောက်ပိုင်းက တောအုပ်ကိုရွေးချယ်ပြီး အချိန်းအချက်ပြုလိုက်ရခြင်းဖြစ်သည်။

"ကျန့်ကျန့် မျက်နှာကြီးညှိုးမနေစမ်းနဲ့။ရိပေါ်မှမဟုတ်ဘူး ကျိုးချန်ရော၊ဟောက်ရွှမ်းရော ဘယ်မှာပါလာလို့လဲ"

"ခေါ်လို့မရဘူးဆိုတာသိပါတယ် လေးငယ်ရယ်။အဲ့ဒီအတွက် မကျေမနပ်ဖြစ်နေတာလည်း မဟုတ်ရပါဘူး။ဒါပေမယ့်  ရိပေါ်ရဲ့မွေးနေ့ကဒီနေ့လေ။ဘာမှတောင် မလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတာ"

ရိပေါ်ရဲ့မွေးနေ့က ဒီနေ့မှန်းသူသိနေတာ ကြာပြီ။ဟိုးအရင်လတွေထဲက Dateလုပ်ရင်း နှစ်ယောက်တူတူ ပျော်စရာတွေဖန်တီးဖို့ ရည်စူးထားပေမယ့် လက်တွေ့မှာတော့ အိပ်ပျော်နေသည့် ရိပေါ်နဖူးပေါ်သာ အနမ်းတစ်ပွင့်ပေးပြီး တိတ်တဆိတ်ထွက်လာရသည့်အဖြစ်။

"စစ်ပွဲပြီးလိူ့ပြန်လာမှပဲ သူစိတ်ကျေနပ်အောင် ခရီးလေးဘာလေးထွက်လိုက်ကြပေါ့ကွာ။အခုတော့ တက်တက်ကြွကြွနေစမ်း!!ကြည့်လိုက် လေးငယ်တို့မျိုးနွယ်တွေ မင်းကိုသောင်းသောင်းဖျဖျ အားပေးနေကြတာကို"

"အင်း  . . ကျန့်ကျန့်သိပါပြီ"

ရှောင်းကျန့် ကျိရန်နဲ့စကားစဖြတ်ကာ မိမိကိုစိတ်အားထက်သန်စွာ အားပေးနေကြသည့် မြေခွေးမျိုးနွယ်တွေဘက်လှည့်ကာ ဟွာဖူးဓားကို ကိုင်မြှောက်ရင်း

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now