စာစဉ် ၉၊ အခန်း ၁၁။ အချစ်ကြောင့် စည်းမျဉ်းတွေအားလုံးကိုလဲ ချိုးဖောက်ရဲတယ်(1)
ကိုယ်လုပ်တော် လား ။
ငါက ယောက်ျားတစ်ယောက်လေ ဘာလို့ ဒီလို နှိုင်းရတာလဲ။ဂူယူရှန်းက ဆက်ပြီး လည်ဆွဲကို ကြည့်နေလိုက်သည် ။
လုဘန်ချန်း ပြောလိုက်တာကို မကြိုက်ပေမယ့် သူ ကန်းနေလို့ အမှန်ကို မမြင်နိုင်တာလို့ပဲ တွေးလိုက်ပြီး ငြင်းခုံမနေ ။
လုဘန်ချန်းသည်လည်း
သူတို့နှစ်ယောက် သိလာတာကြာပြီမို့ ဂူယူရှန်းဘယ်အချိန် စိတ်တိုတတ်တယ် ဘယ်အချိန်ဆို စိတ်မတိုတတ်ဘူးကို သိထားတာမို့ ဆက်ကာ ပြောလိုက်သည် ။"ရှောင်ကူကကျတော့ ကိုယ်လုပ်တော်တွေ သုံးထောင်လောက်ရှိတဲ့ ဧကရာဇ်ပေါ့ကွာ"
သူမကလား ။
သူမက အရမ်းပျော့ညံ့တာကို .. ။
ဒီလောက် ပျော့ညံ့ပြီး ချစ်စရာကောင်းတဲ့ ပြဿနာအိုးလေးက ဘယ်လိုများ ကိုယ်လုပ်တော်သုံးထောင်ရှိတဲ့ ဧကရာဇ်ဖြစ်နိုင်မှာလဲ...သူမကသာ သခင်နဲ့အိပ်ပေးရတဲ့ မိန်းမပျိုပဲ...
ဂူယူရှန်း စိတ်ထဲကနေ တွေးလိုက်မိရင်း ပြုံးမိသွားကာ
လုဘန်ချန်းရဲ့ အရေမရစကားတွေကို ဂရုမစိုက်ဘဲ တစ်ရှူးယူကာ လည်ဆွဲက ညစ်ပတ်နေတာတွေကို သုတ်နေလိုက်သည် ။လုဘန်ချန်းသည်ကတော့ တွေးလေလေ ကိုယ့်ရဲ့တွေးတတ်ပုံကို ပိုအသိမှတ်ပြုမိလေဖြစ်ပြီး သဘောတကျကျ ဖြစ်မိလာပြီးနောက် မျက်နှာပေါ်က ပြောင်ချော်ချော် အကြည့်တွေပျောက်ပြီး ဂူယူရှန်းကို ခပ်တည်တည်ကြည့်လိုက်ကာ ..
"အစ်ကိုရှန်း အခုချိန် ရှောင်ကူဘယ်လိုနေမယ်လို့ ထင်လဲ"
ဂူယူရှန်း သုတ်နေရာက ရပ်သွားပြီး တုတ်တုတ်မလှုပ်တာကို မြင်လိုက်မိသည့် လုဘန်ချန်းက မေးခွန်းပြောင်းမေးလိုက်သည် ။
"အစ်ကိုတို့နှစ်ယောက်ကြားက အကြောင်းတွေနဲ့
အစ်ကိုတို့ရဲ့ အနာဂတ်ကိုရော တွေးကြည့်ဖူးလား"ဂူယူရှန်း မျက်မှောင်ကြုတ်မိသွားပြီး လက်ထဲက တစ်ရှူးကို
ချကာ သူ့ကို ပြန်မကြည့်ဘဲ ခါတိုင်းလို အသံနဲ့
"ငါက ဘာလို့ အဲ့လောက်စဉ်းစားနေရမှာလဲ"..
YOU ARE READING
Romanceတစ်နေ့တွင် သူမလေးသည် သူနှင့်မတော်တဆ အိပ်မိသွားခဲ့သည်။ နှစ်လခန့်ကြာသော်... သူမလေးထံတွင် ကိုယ်ဝန်ရှိမှန်း သိလာခဲ့ပြီး နှစ်ယောက်သား လက်ထပ်လိုက်ကြသည်။ "အကို ဂူ ... ဒီဆိုင်က အစားသောက်တွေက စားလို့ကောင်းလိုက်တာ" ထို့နောက် ၊ ထိုဆိုင်၏စားဖိုမှူးမှာ သူတို...