စာစဉ် ၁၁ (၁၅-၃၀)
4.1K 448 11
စာစဉ် ၁၁၊ အခန်း ၁၅။ ဘယ်သူ့အမှားဖြစ်ဖြစ်-အဲ့ဒါက တကယ် အရေးပါလို့လား (5)
သူမက အရေးပါတဲ့အတွက်ကြောင့် သူမ ဖုန်းနံပါတ် ဝင်လာတာမြင်တော့ အစည်းအဝေးချိန်ကြီးတောင် ဖုန်းကောက်ကိုင်ခဲ့ခြင်း ။
သူမက အရေးပါတဲ့အတွက်ကြောင့် ဟဲလိုဆိုပြီး အကြိမ်ကြိမ်ဖြေခဲ့ပေမယ့် တစ်ဖက်ကအသံ မကြားရဘဲ နောက်တော့ တစ်ယောက်က သူမနံမည်ခေါ်ပြီး သူမကို အော်ဟစ်ပြစ်တင်နေတာကို ကြားတာနဲ့ အစည်းအဝေးကို ပစ်ပြီးတောင် သူမဘယ်မှာ မိတ်ကပ်လိမ်းတယ်၊ ဘယ်မှာ ရှူတင်ရိုက်နေတယ်ကအစ စုံစမ်းပြီး လိုက်လာခဲ့မိတာပင် ။
သူမက အရေးပါတဲ့အတွက်ကြောင့်ပဲ သူ အမြန်မောင်းလာပြီး စတူဒီယိုထဲ ဝင်လိုက်တာနဲ့ ထိန့်လန့်စရာမြင်ကွင်းကို တွေ့သွားတော့ သူမအတွက် လက်တုန့်ပြန်ပေးချင်တာကြောင့် မဆိုင်းမတွဘဲ ဒီလိုလုပ်ပေးမိတာပင် … ။
လင်းရီ လည်ချောင်းထဲ ပိတ်ဆို့နေသလို ခံစားနေရပြီး သူ့ကိုကြောက်နေလို့ ဘာစကားမှထွက်မလာခဲ့ … ။
ဂူယူရှန်းက ဆက်ပြီး အချိန်မဖြုန်းချင်တော့တာကြောင့် လက်ထဲက တုတ်ကို ပစ်ချလိုက်ပြီး ကိုယ်ကိုမတ်ကာ လှည့်ထွက်လာခဲ့တော့သည် ။
ချင်းကျီအိုက်လဲ ရှော့ခ်ရနေရာကနေ ဂူယူရှန်း သူဆီလျှောက်လာပြီး အသံသာသာနဲ့ပြောမှ သတိဝင်သွားတော့သည် ။
"မင်း ထိခိုက်သွားသေးလား"
ချင်းကျီအိုက်လဲ ဂူယူရှန်းကို ခနကြည့်ပြီး ခေါင်းခါပြကာ "မထိပါဘူး"
သူမ အဆင်ပြေတယ်လို့ ပြောလိုက်တာတောင် ဂူယူရှန်းက စိတ်ပူနေဆဲဖြစ်ကာ သူမလက်မောင်းကို ဆွဲပြီး သူမခန္ဓာကိုယ်ကို ထပ်စစ်ကြည့်ပြန်သည် ။
အကုန်ကောင်းတယ်ဆိုတော့မှ သက်ပြင်းချပြီး စိတ်သက်သာရာရသွားလေသည် ။
သူသာ အချိန်မှီရောက်မလာရင် သူမခေါင်းကို ထိမိပြီး ဘာဆက်ဖြစ်မယ်ဆိုတာ မသိနိုင်ဘူးလို့ထပ်တွေးမိရင်း မျက်လုံးထဲ မီးဟုန်းဟုန်းတောက်ကာ …
"သူတို့ မင်းကို ဘာလုပ်ခဲ့ကြတာလဲ၊
မင်း သူ့ကို ထပ်တွေ့ချင်သေးလား၊ မတွေ့ချင်တော့ရင်
ငါ သူတို့ကို ပြောပြီး အခြားသရုပ်ဆောင်တစ်ယောက် အစားထိုးဖို့ ပြောပေးမယ်"