စာစဥ် ၁၃ (၁၇ - ၃၀)
3.3K 390 13
စာစဉ် ၁၃၊ အခန်း ၁၇။  မြက်ခင်းပြင်ထဲက လက်စွပ်တစ်ကွင်း (7)
“ကျွန်မက နည်းနည်း အလုပ်များလို့လေ အချိန်မရှိလို့”
“ဟုတ်ပါတယ်လေ ဒါဆို ကျွန်မကို ချက်ရမဲ့နည်းတွေ ရေးပေးခဲ့လေ ကျွန်မ အဲ့အတိုင်း လိုက်ချက်ပေးပါ့မယ်... အချိန်ရရင်တော့ သခင်လေးအတွက် ချက်ပေးလိုက်နော် သခင်လေးဂူက သခင်မလေးလက်ရာဆို သိပ်ကြိုက်တာ”
အဒေါ်ကြီးစကားကြောင့် ချင်းကျီအိုက် ပြုံးပြလိုက်ပြီးနောက် ထမင်းစားခန်းထဲက ထွက်သွားလိုက်ပါတော့သည် ။
လေးရာသီ ဟိုတယ်မှာသာ ဂူယူရှန်း လတ်တလော နေဖြစ်ပြီး အိပ်ပျော်နေချိန် ဖုန်း၀င်လာတာကြောင့် နိုးလာခဲ့ရသည် ။
အကြာကြီး အိပ်ခဲ့တာ မဟုတ်ပေမဲ့ ဘာကြောင့်ရယ်မသိ ဆယ်စုနှစ်တစ်ခုလောက်ကို ကျော်ဖြတ်လိုက်ရသလိုပင်
နိုးလာတဲ့အချိန် ဘယ်နေ့ရောက်နေမှန်းပင်မသိတော့ ။
ဖုန်းသံက မြည်နေဆဲမို့ ဂူယူရှန်းမျက်မှောင်ကြုံလိုက်ကာ ကိုင်လိုက်လေတော့ ဟိုတယ် ၀န်ထမ်းမဟုတ်ပဲ ရှောင်၀မ်ဖြစ်နေလေသည် ။
ရှောင်၀မ့်အသံက စိုးရိမ်တကြီးဖြစ်နေသလို ...
“ဆရာဂူ ကျွန်တော်ပါ ရှောင်၀မ်”
ဂူယူရှန်း အိပ်ယာက နိုးလာရတာမို့ စိတ်သိပ်မကြည်လှတာကြောင့် စကားပြန်ပြောသည်က ခပ်ပြတ်ပြတ် ။
“ဘာကိစ်စလဲ”
“ရှန်ဟိုင်း ရုံးခွဲမှာ ပြဿနာပေါ်နေလို့ ဆရာ ... ခေါင်းဆောင်ပေးနိုင်မဲ့လူ တစ်ယောက်လောက် လိုနေလို့ ကျွန်တော် ဘယ်သူ့ကို လွှတ်လိုက်ရမလဲ ဆရာ...”
“လေယာဉ်လက်မှတ်ပြင်ထားလိုက် ငါသွားမယ်”
ရှန်ဟိုင်းမှာ ဘာတွေ ဖြစ်နေလဲပင် မမေးပဲ
ဂူယူရှန်း စကားဖြတ်ပြောလိုက်တော့လေသည် ။
“ဟုတ်ကဲ့ဆရာ”
“လေးရာသီဟိုတယ် ရှေ့မှာ ငါ မင်းကို နောက်နာရီနေရင် စောင့်နေမယ် အော် ..ပြီးတော့ မင်းလမ်းမှာ ငါ့အတွက် ဖုန်းတစ်လုံးလောက် ၀ယ်ခဲ့ပါဦး .. နောက်တစ်ခုက ငါ့ရုံးခန်းမှာ အ၀တ်အစားတွေ ရှိတယ် နှစ်စုံလောက်ပါ ယူလာ”