စာစဉ် ၄ (၂၁-၂၆)
5.1K 631 20
စာစဉ် ၄၊ အခန်း ၂၁။ မေ့ထားခံရခြင်းက အရက်စက်ဆုံးသော အရာ (1)
ချင်းကျီအိုက် ကြောက်စိတ်ကြောင့် တုန်ရီနေမိ၏...
ဂူယူရှန်းကို လှမ်းကြည့်မိတဲ့အခါ သူ့မျက်နှာက ခက်ထန်စွာ ။
လုဘန်ချန်းသည်လည်း ဂူယူရှန်း ၏
မာကြောနေတဲ့မျက်နှာထားကို အချိန်အတော်ကြာသည့်တိုင် စောင့်ကြည့်နေခဲ့ပြီးမှ စကားစလိုက်တော့သည် ။
“ဘာဖြစ်နေတာလဲ”
လုဘန်ချန်း မေးမိတဲ့အခါ ၀ူဟောင်က စားပွဲခုံအောက်ကနေ ခြေထောက်နဲ့လှမ်းကန်လိုက်သည်မို့ လုဘန်ချန်း ဆိုးဆိုးရွားရွားနာကျင်မှုကို ခံစားလိုက်ရသည် ။
“အား … ဟောင်ဇီ ဘာလုပ်တာလဲ ဘာလို့ကန်တာလဲဟ”
ဒေါသတကြီး လှမ်းကြည့်ပြီး ပြောလေတော့ ၀ူဟောင်က မျက်စိမှိတ်ပြသည်မို့ လုဘန်ချန်းလည်း
စကားဆက်မပြောတော့ပဲ ဂူယူရှန်းနဲ့ ချင်းကျီအိုက်ကို လှည့်ကြည့်လိုက်တော့မှ ဘာတွေဖြစ်နေမှန်း နားလည်သွားပြီး ပါးစပ်ပိတ်ထားလိုက်တော့သည် ။
ဂူယူရှန်းတို့ ထိုင်နေတဲ့ စားပွဲခုံလေထုက အေးစက်လို့ နေပြီး လုဘန်ချန်းကတော့ ထိုလေထုမျိုးကို ဆက်သည်းခံနိုင်စွမ်းမရှိတော့သည်မို့ ၀ူဟောင်ကို
တိုးတိုးတိတ်တိတ် ခေါင်းငြိမ့်ပြလိုက်တော့သည် ၊
လုဘန်ချန်းရဲ့ အချက်ပြမှုကို နားလည်သွားလေတဲ့
ဝူဟောင်က
စကားသံထွက်လာဖို့ရာ လည်ချောင်းအရင်ရှင်းသည် ။
“ရှောင်ကူ ...အစ်ကိုရှန်း စွပ်ပြုတ် စားလို့ပြီးပြီ”
“ဟုတ်ကဲ့”
ဝူဟောင်စကားကို တုံ့ပြန်လိုက်ပေမဲ့ ဂူယူရှန်းရဲ့
စိတ်အခြေအနေကို ကြောက်သည့်စိတ်က စိုးမိုးလို့နေသည်မို့ ၀ူဟောင်ဆိုလိုချင်တဲ့အကြောင်းအရာကို ချင်းကျီအိုက် သဘောမပေါက်လိုက် ။
ကုန်နေတဲ့ စွပ်ပြုတ်ပန်းကန်ကို ဘာမှ လာမလုပ်ပေးသည့် ချင်းကျီအိုက်ကို ဂူယူရှန်း မျက်လုံးထောင့်ကနေ
လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းမဲ့လိုက်ကာ ထိုင်နေတဲ့ထိုင်ခုံကို နောက်ပြန်ကန်ရင်း ထမင်းစားခန်းထဲက
ထွက်သွားလိုက်တော့၏...