စာစဉ် ၁၀၊ အခန်း ၁၇။ ဘက်ပေါင်းစုံကစမ်းသပ်ခြင်း(7)
ညနေအစည်းအဝေးမှာတောင် အခန်းထဲဝင်လာချိန်ကနေ ပြီးသွားတဲ့အထိ "အစီးအဝေးစကြစို့"ဆိုတာကလွဲပြီး
ဘာတစ်ခွန်းပင် မပြောခဲ့ ။အစည်းအဝေးချိန်၂နာရီလောက်ကြာတာတောင် သူ့ခုံပေါ် ထိုင်နေရာကနေ တစ်ချက်မှ မလှုပ်ခဲ့ ။
အပြင်ပိုင်းကတော့ နားထောင်နေတယ်ထင်ရပေမယ့် တစ်ကယ်တန်းတော့ စိတ်တွေ အခြားစီရောက်နေခဲ့တာ။
အစည်းအဝေးပြီးတော့ တစ်ခန်းလုံးတိတ်သွားပြီး
ရှောင်ဝမ်သတိပေးမှ သူ အသိပြန်ဝင်ကာ ..
ပါးစပ်ကနေ လွှတ်ခနဲ
"ပြဿနာအိုးလေး"လို့ ပြောမိသွားတော့....ပြဿနာအိုး .. လား ။
ငါ့တို့များ အမှားလုပ်မိလို့လား ။
အခန်းထဲကသူတွေလဲ သူတို့ကို ပြောတယ်မှတ်ပြီး
အကုန် ဂူယူရှန်းကို ကြည့်ကာ သူဘာဆက်ပြောမလဲ စောင့်နေကြတာကိုမြင်တော့ သူ မြင်လိုက်တော့ …"ပြဿနာအိုးလေး ငါ့ကိုချစ်တာလား မချစ်တာလား"ဟု ပြောမိတော့မည့် စကားကို တစ်ဝက်နဲ့ရပ်ကာ ကျန်တာကို ပြန်မျိုထားလိုက်ရသည် ။
နောက်တော့မှ လည်ချောင်းရှင်းပြီး
"ဘာမှမဟုတ်ဘူး သွားလို့ရပြီ" ဆိုပြီး ထကာ လက်ပ်တော့ယူပြီး အားလုံးရှေ့ကနေ ထထွက်သွားလိုက်ကာ အခန်းရောက်တော့
၅ နာရီခွဲနေပြီ။အရင်ဆို ဒီအချိန် လက်ဆောင်ဝယ်ဖို့ ထွက်နေကျပေမယ့် ဒီနေ့စိတ်မပါတော့တာကြောင့် ဘောပင်ကို လက်ကြားညှပ်ကာ လှည့်နေပြီး သူ့ရှေ့ကဖိုင်တွေကို ကြည့်နေပေမယ့် တစ်လုံးမှမဖတ်ဘဲ ဘောပင်က လွတ်ကျသွားသည် ။ သ ပြန်ကောက်ပြီး လှည့်ကာ ဖွင့်ထားတဲ့ ဖိုင်ပေါ်မှာ "ပြဿနာအိုးလေး" "ငါ့ကိုချစ်တယ်"
"မချစ်ဘူး" စတာတွေရေးခြစ်နေမိသည် ။သူလက်မှတ်ထိုးဖို့ ထားထားတဲ့ဖိုင်တွေမှန်း သတိမထားမိဘဲ အတွင်းရေးမှူးက တံခါးခေါက်တော့မှ...
သေလိုက်ပါတော့ကွာ လို့ပြောပြီး စာရွက်ကို အပိုင်းပိုင်းဖြဲပစ်လိုက်ကာ အမှိုက်ပုံးထဲထည့်ပစ်လိုက်ရ၏ ။
![](https://img.wattpad.com/cover/235787298-288-k795698.jpg)
ESTÁS LEYENDO
Romanceတစ်နေ့တွင် သူမလေးသည် သူနှင့်မတော်တဆ အိပ်မိသွားခဲ့သည်။ နှစ်လခန့်ကြာသော်... သူမလေးထံတွင် ကိုယ်ဝန်ရှိမှန်း သိလာခဲ့ပြီး နှစ်ယောက်သား လက်ထပ်လိုက်ကြသည်။ "အကို ဂူ ... ဒီဆိုင်က အစားသောက်တွေက စားလို့ကောင်းလိုက်တာ" ထို့နောက် ၊ ထိုဆိုင်၏စားဖိုမှူးမှာ သူတို...