စာစဉ် ၃၁၊ အခန်း ၁၁။ တွေ့ရအောင် 1၂ ရက်အကြာမှာတော့ ရှုဝန်နူးဆေးရုံက ဆင်းခဲ့ရပြီး ခန္ဓာကိုယ်ကလည်း တော်တော်လေးသက်သာနေလေပြီ မို့ ဆေးရုံက ဆင်းဆင်းချင်းမှာပဲ အိမ်မပြန်ပဲ အလုပ်ကိုသာတန်းသွားလိုက်သည် ။ ပြီးခဲ့တဲ့ ရက်တွေက ပြတ်လပ်ထားတဲ့ အလုပ်တွေကို ပြီးအောင်လုပ်ပြီးတဲ့အချိန်မှာတော့
ည ၇နာရီပင်ထိုးသွားချေပြီ ။ တစ်ခါလောက်နဲ့တင်တော်တော်လေး နောင်တရသွားပြီမို့ ရှုဝန်နူး တရုတ်စားသောက်ဆိုင်ပဲ သွားကာ ခပ်နွေးနွေးအစားအစာတွေကိုပဲ ညစာအဖြစ်စားလိုက်ပြီး တက္ကစီဌားကာ အိမ်ပြန်လာလိုက်သည် ။ရှုဝန်နူးအခန်းရှေ့ရောက်မှာတော့ တစ်ယောက်ယောက်က သူမကို လှမ်းခေါ်လေသည် ။
“မိန်းကလေး”
ရှုဝန်နူး လှမ်းကြည့်လိုက်သည့်အခါမှာတော့ သူမရဲ့အိမ်နီးချင်းအဒေါ်ကြီးပင်ဖြစ်တာကြောင့် ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ”
အိမ်နီးချင်းအဒေါ်ကြီးက သူမရဲ့ သူငယ်ချင်းနဲ့အတူ အကကလပ်ကနေ ပြန်လာပုံပင် နဖူးမှာလည်း ချွေးတွေစို့လို့ပင် ။
“သက်သာသွားပြီလားမိန်းကလေး”
သူမ နေမကောင်းဖြစ်ခဲ့တာကို သိနေတာကြောင့် အံ့သြသွားခဲ့ပေမဲ့ ခေါင်းငြိမ့်ပြလိုက်ပါ၏ ။
“ဟုတ်ကဲ့”
သူမ အံ့သြနေတာကို သိသည့်အိမ်နီးချင်းအဒေါ်ကြီးက သူမနားတိုးကပ်လာတာ အပြုံးတို့ကို ချိတ်ဆွဲပြီး ရှင်းပြလေသည် ။
“အဲ့ဒီညက ကောင်လေးတစ်ယောက် ညလယ်ခေါင်ကြီး အန်တီ့အခန်းကို တံခါးလာခေါက်ပြီး အကျိုးအကြောင်းရှင်းပြတယ်လေ ပြီးတော့ အန်တီ့အိမ်ရဲ့ ၀ရန်တာကနေ သမီးတို့အိမ် ၀ရန်တာကိုကူးမယ်ဆိုပြီး အန်တီ့အိမ်ထဲ ၀င်ဖို့ အဲ့ဒီကောင်လေးက ခွင့်တောင်းတယ် ... အန်တီလည်း မိန်းကလေးတစ်ယောက်တည်းနေတဲ့အိမ်ဆိုတော့ ၀င်ခွင့်ပေးဖို့ နည်းနည်းတော့ စိုးရိမ်တာပေါ့ကွယ် ဒါပေမဲ့ နောက်ဆုံးတော့ ၀င်ခွင့်ပေးလိုက်တာ မှန်သွားတယ်”
KAMU SEDANG MEMBACA
Romansaတစ်နေ့တွင် သူမလေးသည် သူနှင့်မတော်တဆ အိပ်မိသွားခဲ့သည်။ နှစ်လခန့်ကြာသော်... သူမလေးထံတွင် ကိုယ်ဝန်ရှိမှန်း သိလာခဲ့ပြီး နှစ်ယောက်သား လက်ထပ်လိုက်ကြသည်။ "အကို ဂူ ... ဒီဆိုင်က အစားသောက်တွေက စားလို့ကောင်းလိုက်တာ" ထို့နောက် ၊ ထိုဆိုင်၏စားဖိုမှူးမှာ သူတို...