စာစဉ် ၃ (၂၇-၃၀)
5.2K 674 25
စာစဉ် ၃၊ အခန်း ၂၇။ တခြားလူတွေ ဒုက္ခရောက်နေရမဲ့အစား သူ သေသွားတာက ပိုကောင်းတယ် (10)
တွေးရင်းနဲ့ ချင်းကျီအိုက် ကျန်းချန်းချန်းကို လှမ်းကြည့်မိတော့ သူမကလည်း ဖုန်းကို နှိပ်ရင်း ချင်းကျီအိုက်ကို ကြည့်နေလေသည် ။
ကျန်းချန်းချန်း၏ မျက်ဝန်းထဲတွင် ယုံကြည်ချက်အပြည့်နဲ့ ဂုဏ်ယူနေတဲ့ အကြည့်တို့က နေရာအပြည့် ယူထားလျက်...။
ကျန်းချန်းချန်းသည် ဂူယူရှန်းက  သူမကို သဘောမကျတာကို သိထားသည့်အပြင် သူမ ဂူယူရှန်းကို ဖုန်းမခေါ်ချင်တာကိုလည်း သိထားသည် ။
ဘယ်လိုပဲဆက်ဖြစ်ဖြစ် သူမက အနိုင်ရမှာမို့ ဂုဏ်ယူနေမှာ
အသေအချာ ။
သူမ ကားကြုံမရရင် ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးရင်း နှုတ်ခမ်းတို့ကို ဖိကိုက်ထားမိသည် .. အိမ်ပြန်ဖို့ တက္ကစီ ခေါ်လိုက်လို့ ရတာပဲဟု တွေးမိလိုက်တော့မှ ချင်းကျီအိုက် နည်းနည်းလေး စိတ်သက်သာရာရမိသွားသည် ...
“ယူရှန်းက လာမခေါ်ဘူးလို့ မပြောပါဘူး သူ လမ်းမှာ ဖြစ်မယ်”
ကျန်းချန်းချန်းက သူလိုချင်တာ ရသွားပုံပင် .. ဒါပေမဲ့လည်း ဟန်ဆောင်ပြီး နားလည်သွားသယောင်ဆောင်နေသေး၏ ...
သူမရဲ့ဖုန်းကို ပြန်သိမ်းလိုက်ပြီး ဟန်ဆောင်တောင်းပန်လိုက်သေးသည်။
“အဲ့လိုလား ..ညီမက အစ်ကိုရှန်း လာမခေါ်ဘူး ထင်လိုက်တာ တောင်းပန်ပါတယ်နော် အစ်မကူ..”
ချင်းကျီအိုက် နှုတ်ခမ်းထောင့်တို့ တွန့်ကျိုးအောင်သာ ပြုံးပြလိုက်ပြီး ဘာမှပြန်မပြောခဲ့ ...
သူမကို ဘယ်သူလာခေါ်မှာလဲ မေးခဲ့သည့် အမျိုးသမီးကတော့ အပြုံးတစ်ပွင့်ကို နှုတ်ခမ်းထက် ပန်ဆင်ကာ ..
“အကို ဂူ လာခေါ်မှာဆိုရင်တော့ ကျွန်မလည်း အခုပြန်လိုက်တော့မယ်နော်”
“ဒါဆို ကျွန်မလည်း ပြန်လိုက်တော့မယ်”
“ကျွန်မရောပဲ ဘိုင့်...”
တစ်ယောက်ပြီး တစ်ယောက် သူမကိုနှုတ်ဆက်ကာ ထွက်သွားကြအပြီး အခန်းထဲမှာ ချင်းကျီအိုက်၊ ကျန်းချန်းချန်း ၊  လင်ရှောင်း နဲ့ အမျိုးသားကို စောင့်နေသည့် သူဌေးကတော် လု  တို့သာ ကျန်တော့သည် ....
သူတို့တွေ ကျန်နေသေးတာကြောင့် သူမ တက္ကစီခေါ်လို့ မဖြစ်တာမို့ ထိုင်ရင်း မဂ္ဂဇင်း ဖတ်နေလိုက်၏ ..