စာစဉ် ၄၊ အခန်း ၉။ အလိုမကျတိုင်း မင်းက ငါ့ရဲ့နယ်ရုပ် (9)
သူမသည် တတ်နိုင်သလောက် သူ့မြင်ကွင်းမှာ ပေါ်မလာဖို့
ရှောင်ခဲ့ပါ၏ ။ ကားပေါ်မှာ နေ့လည်စာစားပြီး ရှောင်ခဲ့သည် ၊ လသာဆောင်က ကုလားထိုင်မှာ အိပ်ပြီး သူ့ကို ရှောင်ခဲ့သည် ...
ထို့ပြင် မိုးရေထဲ ဒုက္ခရောက်နေခဲ့တာတောင် သူ့ကို
နှောင့်ယှက်သလို ဖြစ်မည်စိုးတာကြောင့် ဂူ အိမ်တော်ကို ဖုန်းမခေါ်ခဲ့သည်အထိ ... သို့သော်လည်း သူမ ဘယ်လိုပဲနေနေ သူမ၏ဖြစ်တည်မှုကိုက သူ့ကို ဒေါသထွက်စေပုံပင် ... နောက်ဆုံးတော့လည်း သူ့ရဲ့အလိုကျ ဆက်ဆံခြင်းနဲ့ပဲ အဆုံးသတ်ရပြန်တာပါလား ။ဂူယူရှန်းပြုသမျှနုရမဲ့ ကိုယ့်အဖြစ်ကို ၀မ်းနည်းမိတာတော့
အမှန် ။ သူ့ကို သဘောကျခဲ့သည် ၊ နှစ်တွေအများကြီး သဘောကျခဲ့ရသည် ။ ထို့ကြောင့် ပိုပြီး ခံစားရသည် ။ချင်းကျီအိုက် မျက်ရည်မကျဖို့ ကြိုးစားလိုက်ပေမည့်
မျက်လုံးတို့က စိုစွတ်လာခဲ့ပြီး ပါးပြင်ထက် မျက်ရည်တွေ
ဖျောခနဲ စီးကျလာချေပြီ ။ဂူယူရှန်းသည်ကား မျက်နှာကျက်ကို မော့ကြည့်ပြီး သူ လုပ်ခဲ့သည့်လုပ်ရပ်အပေါ် မယုံကြည်နိုင် ဖြစ်နေလေဟန် ...
သူထပ်ပြီး သူမအပေါ် မှားခဲ့ပြန်ပါရော့လား ..ဂူယူရှန်း စိတ်ရှုပ်မိသွားပြီး ခေါင်းအုံးအောက်က
ဆေးလိပ်ဗူးကို စမ်းလိုက်၏ ။ စမ်းလို့မရတော့မှ
ဖုန်းနဲ့ဆေးလိပ်ဗူးက ဟိုဘက်အခန်းထဲမှာ ရှိနေတာကို သတိရတော့သည် ၊ ချင်းကျီအိုက်ကို လှည့်ကြည့်မိတော့
သူမ ပခုံးတို့က တသိမ့်သိမ့် တုန်နေလေသည် ။
ငိုနေပြန်ပြီ ထင်ပါရဲ့ ....။ဂူယူရှန်း သူမကို ငေးကြည့်နေမိရာကနေ အကြည့်လွှဲမိခိုက်
ရှိုက်သံတို့ တိုးထွက်လာတာကို ကြားလိုက်ရ၏ ...သူမ၏ထိုငိုသံမှာ ဂူယူရှန်း၏နလုံးသားကို တစ်ခုခုနဲ့ ထိုးဆွနေသလိုလို ...
ဂူယူရှန်း ထထိုင်လိုက်ပြီး သူမ လက်မောင်းကို ဆွဲကာ ထထိုင်စေလိုက်ပြီးနောက် ထိုပြန့်ကျဲနေပြီဖြစ်သည့် သူမအ၀တ်အစားတွေကို ယူပေးလိုက်သည် ။
أنت تقرأ
عاطفيةတစ်နေ့တွင် သူမလေးသည် သူနှင့်မတော်တဆ အိပ်မိသွားခဲ့သည်။ နှစ်လခန့်ကြာသော်... သူမလေးထံတွင် ကိုယ်ဝန်ရှိမှန်း သိလာခဲ့ပြီး နှစ်ယောက်သား လက်ထပ်လိုက်ကြသည်။ "အကို ဂူ ... ဒီဆိုင်က အစားသောက်တွေက စားလို့ကောင်းလိုက်တာ" ထို့နောက် ၊ ထိုဆိုင်၏စားဖိုမှူးမှာ သူတို...