စာစဥ် ၁၄ (၁၇-၃၀)
3K 364 3
စာစဉ် ၁၄၊ အခန်း ၁၇။  သူမရဲ့မျက်၀◌န်းတစ်စုံက တစ်ဘ၀လုံးချစ်ဖို့လုံလောက်တယ် (7)
သူမတို့နှစ်ယောက်ကြား ဘာကိစ္စမှမရှိတော့ဘူးဆိုပေမဲ့
သူမ ထပ်ပြီး လက်ထပ်မည်မဟုတ် ။
ချင်းကျီအိုက် အကြာကြီးငိုခဲ့ပြီး မျက်ရည်တို့က မတိတ်နိုင်ခဲ့ ။
သူမပါးပြင်ထက်က မျက်ရည်တို့ကို တစ်ရှူးနဲ့သုတ်လိုက်ပြီးနောက် ဖုန်းကိုအိတ်ထဲကထုတ်ကာ မက်ဆေ့စစ်လိုက်တော့ ကျိုးကျင်းရဲ့စာကပေါ်လာသည် ။
“ရှောင်ကူနဲ့နေရာ ပြန်လဲရမဲ့အချိန်က ညနေ ၄နာရီခွဲ မင်းကတော်ကလပ် ရဲ့အခန်း ၂၀၁ မှာ”
“သိပါပြီ”
ချင်းကျီအိုက်စာပြန်လိုက်တော့ ကျိုးကျင်းက စာထပ်ပို့ပြန်သည် ။
“ဂူယူရှန်းအိမ်က ရှင်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေအားလုံး ယူခဲ့ဖို့မမေ့နဲ့ဦး”
ချင်းကျီအိုက် နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်ပြီး စာမပြန်တော့ .. အဲ့ဒီနောက် လုဘန်ချန်းဖုန်းနံပါတ်ကို ရှာကာ စာပို့လိုက်တော့သည် ။
“ဂူယူရှန်း အခု ပြည်သူသာ ပထမ ဆေးရုံမှာ .. အချိန်ရရင်လာပေးပါလား ကျွန်မက အရေးကြီးကိစ္စ ရှိလို့ သွားရတော့မှာမို့”
သူမ စာပို့ပြီးပြီးချင်းပဲ လုဘန်ချန်းက ဖုန်းဆက်လာသည်ကို မကိုင်လိုက်ပဲ စာထပ်ပို့လိုက်သည် ။
“အခု ဖုန်းပြောဖို့ အဆင်မပြေဘူး”
“ကျွန်တော် အခုလာပြီ”
ချင်းကျီအိုက် ဖုန်းကို ပြန်ထည့်ကာ လမ်းကြားလေးထဲက ထွက်လာခဲ့ပြီးနောက် ကားဌားပြီး အနီးဆုံးလေဆိပ်ကို ထွက်လာခဲ့တော့သည် ။
ပေကျင်းကို ရောက်တော့ နေ့လည် ၂ နာရီ ၃၀ မိနစ် ...။
ချင်းကျီအိုက် လေဆိပ်မှာ ကားပါကင်ထိုးခဲ့တဲ့ သူမကားကို ယူကာ ဂူယူရှန်းအိမ်ကို မောင်းထွက်လာခဲ့သည် ။
အိမ်အကူအဒေါ်ကြီးက စျေးသွားနေသည့်ပုံပင် ..
အိမ်မှာလူမရှိ ။
ချင်းကျီအိုက်လည်း ကားပေါ်က ဆင်းပြီးနောက် အိမ်ထဲ သော့ဖွင့်၀င်လာခဲ့ပြီး အိမ်စီးဖိနပ်လဲကာ ဧည့်ခန်းထဲ အရင်၀င်သွားလိုက်သည် ။