စာစဉ် ၁၈ (၁-၁၀)
3.9K 502 41
စာစဉ် ၁၈၊ အခန်း ၁။  ဘယ်တော့ပြန်လာမယ်မှန်း မသိတဲ့လူကို စောင့်ဆိုင်းခြင်း(1)
“အတွင်းရေးမှူးချင်းကိုလား”
“အင်း...အတွင်းရေးမှူး ချင်းနဲ့ ရေပူစမ်းမှာ တစ်ခါဆုံဖူးတယ်လေ သူကတော်တော်လေးအဆင်ပြေတာပဲ”
လျန်ဒေါ့ကူက ခပ်ပြုံးပြုံးစကားပြောနေပြီးနောက် ရှောင်ဝမ့်ကိုမော့ကြည့်လာကာ ....
“ဘာများပြဿနာရှိလို့လဲ”
“မရှိပါဘူး”
ရှောင်ဝမ်ပြန်ဖြေလိုက်ပြီးနောက် အနောက်ကိုလှည့်ကြည့်ပြီး ချင်းကျီအိုက်ကိုခေါ်လိုက်တော့သည် ။
“အတွင်းရေးမှူး ချင်း သခင်ကြီးဂူနဲ့ မိန်းကလေး လျန် တို့အတွက် အကူအညီတောင်းတယ်နော်”
အရင်တစ်ခါတုန်းက အိတ်တွေကိုသယ်ခိုင်းပြီး သခင်ကြီးဂူရဲ့ အခန်းအပြင်ဘက်မှာ အကြာကြီးစောင့်ခိုင်းခဲ့သည် ။ အခုလည်းသေချာပေါက်ခက်ခဲတာတွေကို ခိုင်းဦးမယ်ဆိုတာ ချင်းကျီအိုက်တပ်အပ်ပြောရဲပါ၏ ။
လျန်ဒေါ့ကူဒီကိုရောက်လာရခြင်းရည်ရွယ်ချက်ကလည်း ကုမ္ပဏီကိုလှည့်ပတ်ကြည့်ဖို့မဟုတ် သူမကိုပညာပြချင်လို့ပင် ။
သူမသည်လည်းဒီကုမ္ပဏီမှာမလုပ်ချင်တော့ပေမဲ့ စာချုပ်ချုပ်ထားတာကြောင့်ထွက်လို့မရခြင်း ။
“ကောင်းပါပြီ”
ချင်းကျီအိုက်လည်းငြင်းလို့မရနိုင်တာမို့ ရှောင်ဝမ်ကို ပြန်ဖြေလိုက်ပြီး လျန်ဒေါ့ကူတို့ကို ဂူယူရှန်း ရုံးခန်း ဆီခေါ်သွားလိုက်တော့သည် .. ။
“ဘာများသုံးဆောင်ကြမလဲရှင့်”
“အဖိုးက လက်ဖက်ရည်”
လျန်ဒေါ့ကူကပြန်ဖြေပြီးနောက်စားပွဲပေါ်က မဂ္ဂဇင်းကိုလှမ်းယူလိုက်ပြီး ....
“ကျွန်မကတော့ကော်ဖီ”
“ကောင်းပါပြီ ခဏလောက်စောင့်ပေးပါ”
ချင်းကျီအိုက်လည်း ဂူယူရှန်း အခန်းထဲကထွက်လာတော့ အတွင်းရေးမှူးရုံးခန်းကနေ တီးတိုးသံတွေကြားလိုက်ရသည် ...