စာစဉ် ၃၀၊ အခန်း ၂၁။ အချစ်ကပိုင်ဆိုင်ခြင်းမဟုတ်ဘူး ပေးဆပ်ခြင်းပဲ 11“ကျွန်မတို့က အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေမဟုတ်ပေမဲ့
သူ့ကို သူငယ်ချင်းလို သတ်မှတ်ခဲ့တယ် သူ့ကိုယုံခဲ့တယ်”သူမဘက်က ရင်းနှီးတဲ့လူအဖြစ်သတ်မှတ်ခဲ့တာတောင် ထိုဆက်ဆံရေးကိုလုဘန်ချန်းလက်နဲ့ဖျက်ဆီးခဲ့မိသည်ပဲ ...
အဲ့ဒီညက လုဘန်ချန်းသာ သူမအပေါ်မကျူးလွန်ခဲ့ရင် သူမပြန်ချစ်ဖို့အခွင့်အရေးရှိလောက်မည်လား ။
ခြေလှမ်းလေး တစ်လှမ်းမှားခဲ့ရုံလောက်နှင့် ပျက်ဆီးမှုများခဲ့ပြီး သူမကိုလည်းနာကျင်စေခဲ့သည် ။
ဒီအခြေအနေတွေအကုန်လုံးက တကယ်ပဲ လုဘန်ချန်းတစ်ယောက်တည်း ဖန်တီးခဲ့သည့် ကိစ္စတွေလေပဲလား ...
စိတ်ရောဂါဆရာဝန်က သူမ မတွေ့ချင်သည့်သူနှင့်အဆက်အသွယ်ဖြတ်လိုက်တာက သူမအတွက်အကောင်းဆုံးနည်းလမ်းတဲ့ .....
ရှုဝန်နူးနောက်ဆုံးပို့ထားသည့်စာကို ထပ်တလဲလဲဖတ်နေမိပြီး
လက်ချောင်းတို့ နှေးကွေးစွာဖြင့်စာပြန်ရိုက်နေလိုက်သည် ။“ကိုယ့်သူငယ်ချင်းတစ်ယောက်က ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းတဲ့ နေရာနဲ့ အဆက်အသွယ်ရှိတယ် မင်းအဖေရဲ့အချက်အလက်တွေ ကိုယ့်ကိုပေးလေ ကိုယ်သူငယ်ချင်းကိုပို့ပေးလိုက်မယ် သူ့အဆက်အသွယ်နဲ့တစ်ခုခုထူးခြားရင်လည်းထူးခြားမှာပေါ့”
ထို့နောက် “ဇီးရိုး” ဆိုသည့်နာမည်နှင့် အီးမေးလ်တစ်ခုလုပ်လိုက်ပြီးနောက် သူမဆီပို့လိုက်ကာ ...
“ဒါကကိုယ့်အီးမေးလ်ပဲ မင်းအဖေရဲ့ဆေးအချက်အလက်တွေကို ဒီကိုပို့ပေးနော် တစ်ခုခုထူးရင်ကိုယ်မင်းကိုပြန်ပြောပါ့မယ် ကိုယ်မက်ဆေ့ကိုစောင့်နေပေး”
ထို့နောက်လုဘန်ချန်း ဂိမ်းထဲကထွက်လိုက်ကာ အတွင်းရေးမှူးကိုစာပို့လိုက်တော့သည် ။
“ဒီရက်ပိုင်းအတွင်း ငါဆေးစစ်ဖို့ ဆေးရုံကို ဆက်သွယ်ထားပေး”
နေ့လည် ၃ နာရီလောက်မှာတော့ သူမအဖေနဲ့ပတ်သက်တဲ့ဆေးအချက်အလက်တွေကို ရှုဝန်နူးက ပို့ပေးလာသည်မို့ လုဘန်ချန်းဂိမ်းထဲကနေ သူမကိုစာပြန်လိုက်သည် ။
![](https://img.wattpad.com/cover/235787298-288-k795698.jpg)
YOU ARE READING
Romanceတစ်နေ့တွင် သူမလေးသည် သူနှင့်မတော်တဆ အိပ်မိသွားခဲ့သည်။ နှစ်လခန့်ကြာသော်... သူမလေးထံတွင် ကိုယ်ဝန်ရှိမှန်း သိလာခဲ့ပြီး နှစ်ယောက်သား လက်ထပ်လိုက်ကြသည်။ "အကို ဂူ ... ဒီဆိုင်က အစားသောက်တွေက စားလို့ကောင်းလိုက်တာ" ထို့နောက် ၊ ထိုဆိုင်၏စားဖိုမှူးမှာ သူတို...