စာစဥ် ၁၅ (၁၇ - ၃၀)
3.8K 427 16
စာစဥ် ၁၅၊ အခန်း ၁၇။  အနာဂတ်တစ်ခုကိုပဲ တွေးတယ် (7)
ဂူယူရှန်းက ငြိမ်သက်သွားပြီးနောက် ဆိုဖာပေါ်မှာ လှဲချလိုက်တော့သည် ....
“ငါ့အချစ်ကို မပြောပြနိုင်သေးခင်မှာပဲ သူကထားခဲ့ပြီ”
“ငါ့ရဲ့အရာရာကို သူ့ဆီမှာ မြုပ်နှံတော့ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့
သူက ...သူက ငါ့ကို ထားခဲ့ပြီ.... တစ်ယောက်ယောက်ကို ဆုံးရှုံးရတာ ဘာလို့ဒီလောက်ကြောက်စရာကောင်းတာလဲ
ငါ သူ့မျက်နှာ အစစ်ကို မသိသလို သူ့နာမည်ကိုလည်း မသိပေမဲ့ ငါ အခုထိ...သူ့ကို ချစ်တယ်”
ဂူယူရှန်းက မျက်နှာကို လက်နဲ့အုပ်လိုက်ပြီးနောက် အသက်ကိုပြင်းပြင်းရှူကာ...
“အခုထပ်ပြီး ငါ့မှာ ပိုင်ဆိုင်တာ မရှိတော့ပြန်ဘူး”
“အရမ်းလည်း ၀မ်းမနည်းပါနဲ့ကွာ မင်းလည်း အခုထိ ငယ်သေးတာပဲ အနာဂတ်မှာ ဘာဖြစ်မလဲ ဘယ်သူမှမှမသိတာ
ကောင်းတဲ့မိန်းကလေးနဲ့ထပ် တွေ့မှာပါ”
“ဟင့်အင်း ငါမလုပ်ဘူး”
ဂူယူရှန်း ငိုနေသလားလို့ လုဘန်ချန်း သူ့အသက်ရှူသံကို သေချာနားထောင်လိုက်ပေမဲ့ ဂူယူရှန်းက အသက်ရှူပင်အောင့်ထားသလို ။
“သူ့လိုမိန်းကလေးမျိုး ငါ ထပ်မတွေ့နိုင်တော့ဘူး”
သူမ သည်သာ တစ်လောကလုံးမှာ အနူးညံ့ဆုံး အသိမ်မွေ့ဆုံးမိန်းကလေးပင် ။
ဘယ်သူမှ သူ့နေရာကိုအစားထိုးမည်မဟုတ် ...။
သူမမှ မဟုတ်ရင် မဖြစ်တော့ ...
ဂူယူရှန်းနှလုံးသားက သူမအတွက်သာ....
“ငါ တခြားမိန်းကလေးတွေနဲ့ မတွေ့နိုင်တော့ဘူး”
ဂူယူရှန်း မျက်လုံးထောင့်ကို ထိလိုက်တော့
မျက်ရည်တို့က သူ့လက်ချောင်းမှာစိုသည် ။
“ဘန်ချန်း သူ မရှိတဲ့ အနာဂတ်ကို ငါ ဘယ်လိုပုံဖော်ရ....”
ဂူယူရှန်း စကားမဆုံးသေးခင်မှာပဲ ရှိုက်သံကြားလိုက်ရတာမို့ လုဘန်ချန်းစကားပြောလိုက်တော့သည် ။
“အစ်ကိုရှန်း...”
အဲ့ဒီနောက် ဂူယူရှန်းက မတ်တပ်ထရပ်ပြီး ရေချိုးခန်းထဲ ၀င်သွားတော့သည် ။