စာစဉ် ၂၈ (၂၁-၃၀)
2.5K 204 10
စာစဉ် ၂၈၊ အခန်း ၂၁။  ကိုယ်မင်းကိုမြတ်နိုးတယ် (11)
လုဘန်ချန်း ၁၀ မိနစ်လောက်ထိုင်စောင့်နေခဲ့သည်တိုင် ရေချိုးခန်းထဲက ထွက်မလာလေတဲ့ ရှုဝန်နူးကြောင့် ရေချိုးခန်းတံခါးသွားခေါက်လိုက်သော်လည်း ရှုဝန်နူးကပြန်မထူးပါ ... ရေသံတွေပဲ ကြားနေရတာကြောင့် ထပ်စောင့်နေလိုက်ပြီး ခဏအကြာမှာတော့ ရေချိုးခန်းနား တိုးကပ်သွားလိုက်တဲ့အခါ ငိုသံသဲ့သဲ့ကိုကြားလိုက်ရတော့သည် ။
သူမ ငိုသံကြောင့် လုဘန်ချန်း နှလုံးအိမ်ကိုတဆစ်ဆစ်နာကျင်ခဲ့ရပြီး ရေချိုးခန်းရှေ့က နံရံမှာ မှီကာ ရပ်နေခဲ့မိသည် ....
မနက် ၃ နာရီမှာတော့ ရှုဝန်နူးက ရေချိုးခန်းထဲက ထွက်လာခဲ့တော့သည်မို့ လုဘန်ချန်း ချက်ချင်းပင် ထရပ်ကာ ရှုဝန်နူးကိုလှမ်းကြည့်လိုက်သည် ။
“နူးနူး”
ခေါ်နေသည်ကိုပင် မကြားသလို နေနေသည့်ရှုဝန်နူးက ပြန်ထူးဖို့ စိတ်ကူးရှိပုံမပေါ်ပါ ။
“နူးနူး”
လုဘန်ချန်း သူမ လက်တို့ကို ဆွဲလိုက်မိတဲ့အခါ ချက်ချင်းပင်ဖယ်ချပစ်လိုက်တဲ့ သူမက လုဘန်ချန်းကိုတော်တော်လေး စက်ဆုပ်နေပုံပါပင် ။
“ကောင်းပြီ ကိုယ်မင်းကိုမထိပါဘူး စကားတော့ပြောရအောင်နော် ...
နူးနူး ကိုယ်တကယ်မရည်ရွယ်ခဲ့ပါဘူး ကိုယ်...ကိုယ်စိတ်လွတ်သွားခဲ့တာ ကိုယ့်အပြုအမူအတွက်ကိုယ်တာဝန်ယူပါ့မယ်”
တာဝန်ယူမယ် .. ။
“မလိုပါဘူး”
“နူးနူးရယ် မင်းအခုစိတ်ဆိုးနေမှာကို ကိုယ်သိပါတယ် ဒါပေမဲ့ သေချာစဉ်းစားပေးပါဦး ကိုယ်မင်းအပေါ်ကောင်းပါ့မယ် နူးနူး ... ကိုယ်မင်းကိုတကယ်သဘောကျတာပါ ကိုယ်လေ...”
“သဘောကျတယ်”
ရယ်သံစွက်ကာပြောလာလေတဲ့ ရှုဝန်နူး စကားတို့က အေးတိအေးစက် ။
“ကျွန်မကို သဘောကျလို့ ဒီလိုလုပ်ခဲ့တာလား ။
လုဘန်ချန်း တစ်စုံတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘာလဲသိလား ၀ူဟောင်လည်း ကျွန်မကို သဘောကျခဲ့တာပဲ ဒါပေမဲ့ ၁၀ နှစ်လုံးလုံး သူကျွန်မကို မှဲ့တစ်ပေါက်မစွန်းစေခဲ့ဘူး ဒါပေမဲ့ရှင်ကတော့ ....ရှင့်မှာ ကျွန်မကိုသဘောကျတယ်လို့ ပြောပိုင်ခွင့်မရှိဘူး စိတ်ပျက်စရာကောင်းလိုက်တာ”