စာစဉ် ၁၁၊ အခန်း ၁။ ပြန်လာခြင်း (1)
ဂူယူရှန်း အိမ်ကို ဖုန်းဆက်တော့ အိမ်အကူက လာကိုင်သည် ။
“သခင်လေး”
“သူအဆင်ပြေလား”
“ဟုတ်ကဲ့ ပြေပါတယ်”
“ထပ်ပြီး အန်သေးလား”
“မအန်တော့ပါဘူး သခင်လေးမှာခဲ့တဲ့အတိုင်း ပူပူနွေးနွေးလေး ကျွေးထားပါတယ် ..မိန်းကလေးက စားကောင်းလို့ထင်ပါရဲ့ နှစ်ပွဲစားတယ်”
အိမ်အကူအသံက သူ့အချက်အပြုတ်ကိုသူ ဂုဏ်ယူနေပုံပါပဲ ...
ဂူယူရှန်းလည်း ချင်းကျီအိုက် အဆင်ပြေတယ်ဆိုပေမဲ့ စိတ်တော့ပူတုန်းပါပဲ ။“သူ့ကို အနီးကပ် စောင့်ကြည့်ပေးနော် တစ်ခုခုထူးခြားရင် ချက်ချင်းအကြောင်းကြား”
စိတ်ပူတာက ဘယ်လိုမှ လျှော့လို့ မရတာကြောင့် ဂူယူရှန်းလည်း ထပ်ပြီး စကားပြောလိုက်ရတော့သည် ။
“ဆရာဝန် အခု ခေါ်လိုက်ပြီး သူအဆင်ပြေလား ကြည့်ခိုင်းလိုက်ပါလား”
“အခုလား”
“ဟုတ်တယ်လေ ဘာလို့လဲ”
“မိန်းကလေးက အိမ်က ထွက်သွားတယ်”
အိမ်အကူရဲ့စကားကြောင့် ဂူယူရှန်းလည်း ဒေါသထွက်သွားတော့သည် ။
“ထွက်သွားတယ် ဘာလို့ အစောတည်းက မပြောလဲ ခင်ဗျားကို ဘာဖြစ်ဖြစ်ပြောဖို့ ပြောထားတယ်လေ.. သူက နေမကောင်းဘူး အိမ်ပြန်ခေါ်လိုက်”
“မသွားဖို့ ပြောခဲ့ပေမဲ့ အလုပ်ကိစ္စအရေးကြီးလို့ သွားရမယ်ဆိုပြီး သွားတာ”
“ခင်ဗျား ဘာလို့ လိုက်မသွားလဲ.. အပြင်ရောက်နေတုန်း နေမကောင်းရင် ဘယ်လိုလုပ်မလဲ ခင်ဗျား က ကျွန်တော်ပြောထားသမျှ ဘာမှကိုမလုပ်တာပဲ ဘာလုပ်နေတာလဲ အခု သူ့ကို ဖုန်းဆက်”
ဂူယူရှန်း ဒေါသတကြီး ပြောဆိုပြီး ဖုန်းချလိုက်တော့သည် ..
၂ မိနစ်အကြာမှာတော့ အိမ်အကူ ဖုန်းပြန်ဆက်ပြီး ချင်းကျီအိုက် အဆင်ပြေကြောင်းပြောမှပဲ သူလည်း အလုပ်စလုပ်နိုင်တော့သည် ။
YOU ARE READING
Romanceတစ်နေ့တွင် သူမလေးသည် သူနှင့်မတော်တဆ အိပ်မိသွားခဲ့သည်။ နှစ်လခန့်ကြာသော်... သူမလေးထံတွင် ကိုယ်ဝန်ရှိမှန်း သိလာခဲ့ပြီး နှစ်ယောက်သား လက်ထပ်လိုက်ကြသည်။ "အကို ဂူ ... ဒီဆိုင်က အစားသောက်တွေက စားလို့ကောင်းလိုက်တာ" ထို့နောက် ၊ ထိုဆိုင်၏စားဖိုမှူးမှာ သူတို...