စာစဉ် ၁ ( ၂၅ - ၃၀ )
7.4K 787 18
အခန်း ၂၅ : ငါနဲ့ဂိမ်းကစားကြည့်မလား (5)
ချင်းကျီအိုက်အပေါ် ဂူယူရှန်း၏မထီမဲ့မြင် ဆက်ဆံမှုတို့သည် သူမလေးကို ၀မ်းနည်းစေရုံတင်မကပေ ။
အရင်နေ့တွေက သူ့ကို ရှောင်ဖို့ သူမလေး အမေရိကကိုပင် သွားပေးခဲ့သော်လည်း ဒီနေ့၏တိုက်ဆိုင်မှုတို့ကြောင့် သူမလေး လုပ်ခဲ့သမျှက အချည်းနှီးသာ ။
အဖိုးက‌ရော တကယ်ပဲ သူတို့နဲ့အတူလာနေတော့မှာများလား ။
သူမခေါင်းထဲတွင် တခြားဘာမှ မတွေးနိုင်လောက်အောင် ထိုအကြောင်းကိုသာ ထပ်ခါတလဲလဲ တွေးနေမိသည် ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဖြစ်မလာအောင် တားနိုင်မဲ့နည်း‌ကို ရှာရမယ် ..
ချင်းကျီအိုက် အတွေးထဲ တစ်ဆဆ နစ်မျောနေမိခြင်းကြောင့် ထိုအတွေးအိမ်ထဲက ရုန်းထွက်ကာ အိပ်ဖို့မကြိုးစားတော့ပဲ စားပွဲပေါ်မှာ အထပ်လိုက်တင်ထားသည့် ဇာတ်ညွှန်းတွေကိုယူကာ အိပ်ယာပေါ်မှာ ဖတ်နေလိုက်၏ ။
တစ်ညလုံးဖတ်နေပြီးသည့်နောက်တွင် ပြီးပြည့်စုံသည့် ဇာတ်ညွှန်းကို သူမလေး ရသွားခဲ့လေပြီ ..
ဤအဖွဲ့သည်ကား တကယ်တော်သည့် တတ်သည့်
ဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးဆရာ ၊ မင်းသား အပြင် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီတွေကအစ ပြီးပြည့်စုံလွန်းသည့် အဖွဲ့တည်း ။ သို့သော် ဤဇာတ်ကားကို သန်ဘက်ခါတွင် ရိုက်ဖို့ စီစဉ်ထားခဲ့သော်လည်း မင်းသမီးသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ဆေးမှုတွင် ပါဝင်သည်ဟု သတင်းထွက်ခဲ့ခြင်းကြောင့် မင်းသမီးအသစ် ရှာတွေ့မည့်အချိန်ထိ ရိုက်ကူးရေးကိုရွှေ့ထားရလေသည် ။
ထိုကိစ္စသည်ကား သူမလေးအတွက် အခွင့်အရေးပင် ..
ဤဇာတ်ကားသည် မင်းသမီး၏အမှုကြောင့် လူစိတ်ဝင်စားခံနေရလေရာ တကယ်လို့ ချင်းကျီအိုက်သာ ပါဝင်နိုင်ခဲ့မည်ဆိုရင် နာမည်ကြီးဖို့ကိုလည်း အထောက်အပံ့ဖြစ်မှာမို့ ရှောင်ကျင်းကလည်း ငြင်းမည်မဟုတ် ။
အဓိကသည်ကား ချင်းကျီအိုက်သာ ထိုကားထဲ ပါဝင်ခွင့်ရခဲ့ရင် ဇာတ်ကားရိုက်ဖို့ကို အကြောင်းပြပြီး ပေကျင်းကနေ ထွက်နိုင်သဖြင့် သူမလေးအတွက် အဆင်ပြေသည် ။
ထိုသို့ တွေးမိမိခြင်း သူမလေး၏မျက်ဝန်းတို့တွင် ၀မ်းနည်းရိပ်တွေ သမ်းလာချေသည် ။