စာစဉ် ၂၉ (၁-၁၀)
1.6K 168 1
စာစဉ် ၂၉၊ အခန်း ၁။  ကိုယ်မင်းကိုမြတ်နိုးတယ် (21)
“ဟုတ်ကဲ့”
ရှုဝန်နူး က ခွဲစိတ်ရမဲ့ လူတစ်ယောက်မဟုတ်သလိုပင် တည်ငြိမ်လွန်းသည် ။
ထို့နောက် ဆရာဝန်အခန်းထဲက ထွက်လာကာ သူမ ကျန်းမာရေးကို စစ်ဆေးကြည့်လိုက်ပြီး ၁၂ နာရီမှာတော့ အဖြေထွက်လာပြီးကျန်းမာရေးလည်းကောင်းတာမို့ နေ့လည် ၃ နာရီမှာ ခွဲစိတ်မှုလုပ်လို့ရပေသည် ။
……
သမီးလေး ကာကွယ်ဆေးထိုးရမည့်နေ့မို့ မနက်ပိုင်းမှာ သွားထိုးလိုက်ပြီး နေ့လည်မှာတော့ ချင်းကျီအိုက်တို့ အိမ်ပြန်ရောက်သည် ။ နေ့လည်စာ ကျွေးပြီးနောက် ဂူစံအိမ်ကို ချင်းကျီအိုက်အမေက သမီးလေးကို ခေါ်သွားပေးတာကြောင့် ချင်းကျီအိုက်လည်း ဂူကုမ္ပဏီကို ထွက်လာခဲ့လိုက်သည် ။
ဂူယူရှန်းက သူမ ရောက်မည့်အကြောင်း သူ့ရဲ့အတွင်းရေးမှူးကို ကြိုပြောထားတာကြောင့် အတွင်းရေးမှူးက သူမကို မြင်တဲ့အခါ အံ့သြမနေ ။
“သူဌေးကတော် ရောက်လာပြီလား”
ချင်းကျီအိုက်ပြုံးပြလိုက်ကာ ဂူယူရှန်း အခန်းထဲကိုကြည့်လိုက်မိတော့ ရုံးခန်းထဲမှာ ဘယ်သူမှရှိမနေတာကြောင့် ဂူယူရှန်းအတွင်းရေးမှူးကို ပြန်ကြည့်လိုက်မိသည် ။
“ဆရာဂူရော ဘယ်ရောက်နေတာလဲ”
“ဆရာက အခု အစည်းအ‌ဝေးထိုင်နေပါတယ် ဆရာက သူဌေးကတော်ရောက်ရင် ရုံးခန်းထဲကို ခေါ်သွားပေးလိုက်ပါလို့ မှာထားပါတယ်”
ရုံးခန်း လား ။ ဂူယူရှန်းက တကယ်ပဲ သူမ အတွက်အလုပ်နေရာစီစဉ်ပေးထားသည်လား ။
ချင်းကျီအိုက်ပြုံးလိုက်ပြီး အတွင်းရေးမှူးကို ကျေးဇူးတင်ကြောင်းပြောလိုက်ပါ၏ ။
“ရပါတယ် သူဌေးကတော်ရဲ့ ဒီလမ်းပါ...”
အတွင်းရေးမှုး က ယဉ်ယဉ်ကျေးကျေးပြောပြီးနောက်
ဂူယူရှန်းဘေးက ရုံးခန်းကိုခေါ်သွားလေသည် ...
အခန်းတံခါးဖွင့်လိုက်ချိန်မှာတော့ ဂူယူရှန်းရုံးခန်းထက်ပင်ပိုသာတဲ့ အပြင်အဆင်တွေက ချင်းကျီအိုက်ကို ကြိုဆိုနေ၏ ။