စာစဉ် ၂၅၊ အခန်း ၁၅။ ကားအက်ဆီးဒင့်နောက်ကွယ်က အမှန်တရား (5)တွေဝေခြင်းအလျင်းမရှိနေတဲ့ ဂူယူရှန်းစကားကြောင့်
ချင်းကျီအိုက် ဂူယူရှန်းကို ခင်ပွန်းတစ်ယောက်လို ခံစားလိုက်မိတာမို့ နှလုံးခုန်သံတို့မြန်လာကာ ရင်ထဲတသိမ့်သိမ့်နွေးသည် ။
ဘာစကားမှမပြောလည်း အချင်းချင်းနားလည်ကြတဲ့ လူနှစ်ယောက်ဖြစ်ရတာ ပျော်စရာကောင်းလှပါ၏..သို့သော်လည်း ဂူယူရှန်းကို သူမ ပြောပြချင်ပါသည် ။“အဲ့ဒီပုံတွေက ကျွန်မလျန်ဒေါ့ကူအဖြစ်နေခဲ့တုန်းက ပုံတွေပါ
ပုံတွေက အခုသာ အမြင်မသင့်တော်တဲ့အထိဖြစ်နေပေမဲ့ ရိုက်ကူးရေးလုပ်တုန်းက အဲ့လိုမဟုတ်ပါဘူး”“အိုကေ”
အဲ့ဒီနောက် သူတို့ ဘာစကားမှမပြောဖြစ်ကြတော့ပဲ ခဏအကြာမှ
ဂူယူရှန်း လည်ချောင်းရှင်းကာ စကားပြန်စလာသည် ။“ရှောင်အိုက် ကိုယ်တို့ရှန်ဟိုင်းကိုသွားရအောင်”
“အလုပ်ကိစ္စအတွက်သွားရမှာလား”
“မဟုတ်ဘူး အလုပ်ကိစ္စမဟုတ်ဘူး ကိုယ်တို့အဲ့ကိုပြောင်းနေကြမယ်”
ချင်းကျီအိုက် အံ့သြသွားမိပါ၏ ။
“ရှန်ဟိုင်းက ဟန်ကျိုး နဲ့လည်းနီးလို့ မင်းအမေဆီသွားလည်လို့လည်း လွယ်တယ်လေ”
ဂူယူရှန်း ရဲ့အကြောင်းပြချက်က အဲ့လိုဆိုပေမဲ့ ချင်းကျီအိုက် သူ့ရည်ရွယ်ချက်ကိုနားလည်သည် ။ သူ့အဖိုးက သူမကို သဘောမကျတာမို့ ရှန်ဟိုင်းကို ပြောင်းချင်နေခြင်းပင် ။
“ကိုယ်ရှန်ဟိုင်းမှာ တစ်နှစ်နေခဲ့တယ် ကိုယ့် အင်တာနက် ကုမ္ပဏီနဲ့ တခြားဌာနခွဲတွေလည်း ရှန်ဟိုင်းမှာရှိတယ်လေ နေဖို့ကတော့
ဟွမ်ပူ မြစ်နားက တိုက်ခန်းလေး ၀ယ်လိုက်မယ် ကိုယ်အဲ့အိမ်ကိုသွားကြည့်ပြီးပြီ အဆင်ပြေတယ် တော်တော်လေး”“ယူရှန်း...”
ချင်းကျီအိုက် စကားဖြတ်ပြောလိုက်တော့
ဂူယူရှန်းသည်လည်း ပြောလက်စ စကားကိုဆက်မပြောတော့ပေ ။“ကျွန်မ ပေကျင်းကိုသဘောကျတယ်..
ကျွန်မတို့တွေ့ခဲ့တာလည်း ပေကျင်းမှာပဲဖြစ်ပြီးတော့
အမှတ်တရတွေလည်း အများကြီးရှိနေလို့ ဒီကနေ ထွက်မသွားချင်ဘူး”
आप पढ़ रहे हैं
रोमांसတစ်နေ့တွင် သူမလေးသည် သူနှင့်မတော်တဆ အိပ်မိသွားခဲ့သည်။ နှစ်လခန့်ကြာသော်... သူမလေးထံတွင် ကိုယ်ဝန်ရှိမှန်း သိလာခဲ့ပြီး နှစ်ယောက်သား လက်ထပ်လိုက်ကြသည်။ "အကို ဂူ ... ဒီဆိုင်က အစားသောက်တွေက စားလို့ကောင်းလိုက်တာ" ထို့နောက် ၊ ထိုဆိုင်၏စားဖိုမှူးမှာ သူတို...