မြတ်နိုးခြင်းတိမ်တိုက်တွေ
ကမ္ဘာတစ်ဖက်ကမ်းမှာ
တိမ်းပါးလာတဲ့အခါ
နေဟာ လှလှပပ
အနောက်အရပ်က ထွက်တယ်။
မနက်ဘက်မှာ လသာသလို
ညဘက်မှာ နေသာတယ်
ဖြစ်စဉ်တွေ အစဉ်တကျဖြစ်ဖို့
နေသားမကျခဲ့ပေါင်း များခဲ့ပြီ။
ရေခဲအစိုင်အခဲတွေအဖြစ်
ဘဝအသင်္ချေမှာ
ပျော်ဝင်လာခဲ့တဲ့နောက်
မီးဟာ မီးနဲ့ ငြှိမ်းမှ ငြိမ်းတယ်။
ကောင်းကင်တစ်ခုလုံးနဲ့
ချစ်မြတ်နိုးခြင်းတစ်ခု
ထပ်တူကျသွားတဲ့အခါ
ဘုရားသစ်ပွင့်လာတယ်။
နေနဲ့ လနဲ့ အတူရှိတဲ့
ကောင်းကင်ကို လှပတဲ့ နေ့လို့
ဘုရားက ဗျာဒိတ်ပေးတယ်။
လှပတဲ့နေ့တစ်နေ့မှာ
မြင့်မြတ်တဲ့ လူတစ်ပိုင်းနတ်တစ်ပိုင်းဟာ
ကောင်းကင်ဘုံမှာ သေဆုံးခဲ့တယ်။
ကမ္ဘာအသစ်ရဲ့ ဘုရင်အဖြစ်
ဘိသိတ်ခံတဲ့အချိန်
တစ်လောကလုံး အသံတွေမြည်ခဲ့တယ်။
တို့ကမ္ဘာမှာ ပျော်ဝင်မယ့် မီးခဲကို
တို့က ချစ်မြတ်တနိုး
ကိုး လို့ ခေါ်ခဲ့ပါတယ်။ ။နေသစ်သွေး
၂၉ ဇွန် ၂၀၂၀
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ