မွန်းကျပ်နေတဲ့ ညတစ်ညရဲ့
အပူလောင်ဆုံး အချိန်တွေဟာ
တစ်စက္ကန့်ရဲ့အင်္သချေလို များပြားတယ်။
ဆောင်းညဟာ သိပ်ကြာတာပဲ
ပျားရည်အိုင်လို ညထဲ
ငါ့မှာ နစ်ပြီးရင်း နစ်နေရ။
ရုန်းမထွက်နိုင်တဲ့
ပျော်ရွှင်မှုတွေ ရင်ခုန်မှုတွေ
နှစ်ကာလကြာထိ လက်ဆက်မြဲ။
တဝှီးဝှီးလာတဲ့ အေးတဲ့လေတွေက
ငါ့နာကျင်မှုတွေကိုတိုက်စား
ဒဏ်ရာတွေ မကျက်ခင် ဆွေး။
ဘုရားသခင်ဟာ
အမှတ်သည်းခြေနည်းမှုနဲ့
ပါးချိုင့်တွေကိုစွဲလမ်းခြင်း ပုဒ်မတပ်တယ်။
ဥပဒေရဲ့အထက်မှာ
သူရှိတယ်
သူဟာ စင်္ကြသောင်းတစ်သိုက်စိုးရသူ
သူဟာ ဘဝရဲ့ အရှင်။
ဒါကြောင့် ထိုသူ၏ နာမမှာ
ဝဋ်ကြွေးတစ်ခုအဖြစ် တည်စေ။ ။၃ ဒီဇင်ဘာ ၂၀၂၀
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ