21: --- အကြောင်းတွေ (18+ Alert)

52 2 0
                                    

ငါတို့တွေဟာ လူသားတွေ မဟုတ်ဘူး။ လိုအင်ရမ္မက်တွေနဲ့ အမြဲ ဆာလောင်မွတ်သိပ်နေတဲ့ စကြဝဠာတစ်ခုလုံးရဲ့ ယုတ်ညံ့တဲ့ ကမ္ဘာငယ်လေးမှာ ရှင်သန်နေတဲ့ ကပ်ပါးကောင်လေးတွေပဲဖြစ်တယ်။ကိုယ့်အတ္တကို ကျားကန်နေရတဲ့ စစ်မျက်နှာပြင်မှာ ဆန္ဒနဲ့ ရမ္မက်ဟာ စည်းနဲ့ဝါးလို။

ငါ့သမိုင်းမှာ ငါနဲ့ လိင်ဆက်ဆံခဲ့ဖူးတဲ့ လူတွေရဲ့ သုတ်ရည်တွေဟာ ငါ့အိပ်မက်ဆိုးတွေဖြစ်ခဲ့ကြောင်း တစ်နေ့မှာ ငါအားလုံးကိုပြောပြခဲ့ဦးမယ်။ ဘဝဟာ ထင်သလိုမဟုတ်တဲ့အခါ ငါတို့တွေရဲ့ မနက်ဖြန်တွေဟာ မျှော်လင့်ချက်သိပ်မဲ့တယ်။ တစ်နေ့ကျရင် ကျဆုံးတော့မယ့် စစ်သည်တော်အနေနဲ့ ဘာစီရင်ချက်တွေချပြီး ဘယ်လိုတိုက်ပွဲဝင်ချင်သေးတာလဲ။ ဆန္ဒမတူတဲ့ စစ်မျက်နှာပြင်မှာ မျိုးဥတစ်ခုနဲ့ သုတ်ပိုးတစ်ကောင်က ပေါင်းဖက်ခဲ့ကြလို့ ငါတို့ဟာ ဟောဒီ ယုတ်ညံ့တဲ့ ဂြိုလ်အလည်မှာ ယောင်ချာချာဖြစ်ခဲ့ပြီ။ အဲ့ဒါဟာ ငါတို့ရဲ့ ကံဆိုးခြင်းပဲ။

အသက် (၁၀)နှစ်လောက်ရဲ့ အိပ်မက်ဆိုးတွေက တစ်နေ့မှာတော့ ကြေကွဲပျက်စီးသွားမှာပါပဲ။ ငါချစ်ခဲ့ဖူးတဲ့ လူတွေနဲ့ ငါ့အမှတ်တရတွေ၊ ငါ့ရဲ့ တစ်ကိုယ်ရည်သကာရ လိင်အပျော်ဆက်ဆံခဲ့တာတွေ။ ငါနဲ့ လိင်ဆက်ဆံချင်တဲ့လူတွေ၊ ငါလိင်စိတ်တပ်မက်မိတဲ့လူတွေ...။

လူတွေဟာ တစ်နည်းနည်းနဲ့တော့ လိုလားတောင့်တနေကြတာပဲ။ အဲ့ဒီ လိုအင်ရမ္မက်တွေကို ဖော်ပြတတ်တဲ့ လူနဲ့ မဖော်ပြတတ်တဲ့လူပဲကွာတယ်။ တစ်နေ့ကျရင် ပျောက်ကွယ်သွားမှာပဲ။ ဘယ်သမိုင်းမှာတော့ ဘယ်ပညာရှင်က စောက်ထန်ကြီးပါလို့ တွင်ခဲ့ပါ့မလဲ။ သမိုင်းဆိုတာ တကယ်တော့ အလကားပဲ။ အစ်ကိုတစ်ယောက်ပြောသလိုပဲ လူတစ်ယောက်ရှင်သန်ရတဲ့ အဖြစ်က သမိုင်းတွင်ခဲ့ရင် နည်းနည်းမှတ်မိမယ်။ ပြီးရင် အဲ့လူက အမေ့ခံပဲလေ။ ငါတို့တွေကလည်း အသက်ရှူရပ်သွားတာနဲ့ မေ့ပစ်ခံရမယ့် ကမ္ဘာပေါ်က လူဆိုတဲ့ သတ္တဝါတွေပဲမဟုတ်လား။ အဲ့ဒီ လူတွေကပဲ တဏှာရာဂတွေနဲ့ စပြီး အဆုံးသတ်ကြရတယ်။

နေသစ်သွေး
၂၁စက်တင်ဘာ ၂၀၂၀
၉:၃၂ ည

"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်Where stories live. Discover now