26: Dying sunflowers

18 3 0
                                    

နက်တဲ့ညတွေရဲ့အလယ်
ကိုက်ခဲနေတဲ့ မျက်ရည်တွေနဲ့
အေးစက်လာတဲ့ ခြေဖျားတွေ
နစ်သမျှ ဆောင်းတစ်ည
ပြီးဆုံးသွားတဲ့ တစ်နေ့တာဟာ
အနှစ်သာရ အတိ ကင်းမဲ့။
သူ့အသံကိုကြားရတဲ့ ကမ္ဘာအသစ်မှာ
ပွင့်လာတဲ့ နေတစ်စင်းက
ဆောင်းအမှောင်ကို ဖုံးလွှမ်း
အရာရာဟာ မှန်တစ်ချပ်လို
တစ်ခုခုမှားသွားနဲ့
တစ်ဘဝလုံး အက်ကွဲမှာ။
ငါ့ခြေရင်းက နေကြာပွင့်တွေက
နေ့နဲ့ ညစက်ဝန်းမှာ
ပြောင်းလဲခဲ့ကြရင်း
နာကြည်းလာတဲ့ တစ်နေ့မှာ
ကောင်းကင်ကို စုတေတယ်။
ငါဟာ မငိုဘူးလို့ ဟစ်ကြွေးခဲ့တာ
သူ့ရယ်သံကို မကြားတော့မှ
ငါ့ပါးပေါ်ကိုစမ်းမိတာ
​ဟင် မျက်ရည်တွေ...။
တစ်ယောက်မရှိရင်
တစ်ယောက် နာကျင်နေကြတာ
ငိုကြွေးခြင်းတွေ
ပူလောင်မွန်းကျပ်မှုတွေ
စို့နင့်လွမ်းဆွတ်သတိရတာတွေ...။
အထီးကျန်မှုတွေကြားမှာ
နေသားတကျဖြစ်လာသမျှ
နှစ်ယောက်တစ်ဘဝဖြစ်လာပြီး
အမှောင်ထုကနေ ကင်းဝေးလာခဲ့ကြတယ်။
မှန်တွေလို အက်ကွဲရာကြားမှာ
ငါတို့ကိုယ်စီ လိုအပ်လာကြတာ သိလာကြရ
မှန်တွေလို မကြေကွဲဖို့
ဆက်ပြီး အထီးမကျန်ကြဖို့
နေ့ရက်တွေမှာ ဆက်ရူးသွပ်ကြဖို့ပေါ့....။

နေသစ်သွေး
၁၁ ဒီဇင်ဘာ ၂၀၂၀

"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်Where stories live. Discover now