ချစ်စရှိ ချစ်တုန်းမို့
လွမ်းစရှိတော့ လွမ်းရတယ်။
ချစ်သော နန်းရေ
တောင်ပေါ်မှာတော့ မြူတွေဝေပေါ့
ချယ်ရီတွေ မကြွေသေးခင်
နှုတ်ခမ်းလေးအတွက်
အနွေးဓာတ် လိုလာခဲ့ပေါ့
အညာစောင်ထက်
နန်းရင်ခွင်က နွေးပေမယ့်
နန်းဟာမောင်နဲ့ ဝေးနေဆဲ
တောင်ပေါ်အမှတ်တရတွေမှာ
ရှမ်းခေါက်ဆွဲက မပါမဖြစ်ပေါ့
ထင်းရှူးနံ့ လှိုင်လှိုင်သင်းတဲ့
တောင်ပေါ်ကုန်းမှာ
မောင်စောင့်နေတယ်
ချယ်ရီတွေ ဝေနေစဉ်
နန်းပြန်လာပါနေသစ်သွေး
၈ ဒီဇင်ဘာ ၂၀၂၀
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Poetryရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ