ပျော်နေတဲ့သူရဲ့မျက်ဝန်းတွေကိုတွေ့ရတော့ မပျော်နိုင်တဲ့သူကတော့ အတိတ်ရပ်ဝန်းမှာ ကျန်ရစ်ဆဲပဲ။ အယောင်အဆောင် (၁၆)နှစ်က ပျော်စရာကောင်းခဲ့သလောက် ဒီနှစ်တွေမှာတော့ ကျွန်တော်တစ်ယောက်တည်း ပူလောင်ခဲ့ရတယ်။ ပျော်နိုင်တဲ့သူတော့ ပစ္စုပ္ပန်မှာ ဆက်ပျော်ရုံပဲ။ ချစ်ရ၊ မြတ်နိုးရ၊ လေးစားရတဲ့ လူနှစ်ယောက်ဟာ စစ်မှန်တဲ့ချစ်ခြင်း၊ စစ်မှန်တဲ့နွေးထွေးမှု၊ စစ်မှန်တဲ့ ဂရုစိုက်မှုတွေနဲ့ စစ်မှန်တဲ့ကလေးလေးတွေကို ပြုစုယုယနိုင်တာမြင်ရတာတော့ ပီတိဖြစ်ရပါတယ်။ချစ်ခြင်းမေတ္တာဟာ တကယ်တော့ အစားထိုးအသုံးပြုခံရတဲ့ ကြားခံပစ္စည်းတစ်ခုပဲဆိုတာ သိခွင့်ရခဲ့တယ်။ ဒီတစ်သက် ဘယ်သူ့ဖိနပ်အောက်မှာမှ ကျွန်တော့်ချစ်ခြင်းမေတ္တာမရှိစေတော့ဘူး။
တခါတခါ မုန်းတယ်။ အော်ငိုချင်တယ်။ သေလောက်အောင်လွမ်းတယ်။ တစ်သက်လုံး အတူတူ ဖြတ်သန်းရမယ့် လမ်းတွေလို့ ထင်ခဲ့သမျှ ငရဲလမ်းတွေဖြစ်ခဲ့သလိုပဲ။ ပြန်ရောက်တိုင်းနာကျင်ရတယ်။ နွေးထွေးတဲ့အိမ်ကလေးကလည်း ပြန်ခြေခြမိတိုင်း ပူလောင်နာကျင်ရတဲ့ ငရဲအိမ်တွေကြီးဖြစ်ခဲ့တယ်။
လူတွေဟာ လောဘမာနကြီးကြတယ်။ ဒီအသိုင်းအဝိုင်းကလူတွေအကုန်လုံးရဲ့ ခန္ဓာထဲ ငရဲမီးအက်စစ်တွေ စီးဆင်းတယ်။ တစ်ယောက်ကို တစ်ယောက် ရန်မူချင်နေကြတဲ့ တိရစ္ဆာန်တွေဖြစ်တယ်။ ဒီလူတွေကြားတော့ ချစ်ခြင်းမေတ္တာဟာ ကျားကွက်ပေါ်က နယ်ရုပ်တစ်ရုပ်ဖြစ်ခဲ့တယ်။
အဲ့ဒီလမ်းတွေ...အဲ့ဒီလူနှစ်ယောက်...အဲ့ဒီအိမ်
ဝေးတဲ့လမ်းတွေ၊ ဝေးလက်စလမ်းတွေကို ဝေးသထက် ဝေးချင်မိတယ်။ တစ်သက်စာ အစားထိုးခံခဲ့ရတဲ့ လူတစ်ယောက်အဖြစ်ကို နောင်လာနောင်သားတွေအတွက် တစ်နေ့ ကမ္ဗည်းထိုးခဲ့မယ်။
ချစ်ခြင်းမေတ္တာဟာ အစားထိုးခံ ပစ္စည်းမဟုတ်ခဲ့။နေသစ်သွေး
YOU ARE READING
"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်
Puisiရေးဖူးသမျှ စာတိုစာစတွေနဲ့ ကဗျာတွေ