18: The end of the loving world

23 3 0
                                    

သေအံ့ဆဲဆဲအချစ်ကမ္ဘာ
////////

မနက်ဖြန်တွေမှာ စီးဆင်းနေမယ့်
ခန္ဓာစက်ဝန်းက သွေးပြန်ကြောတွေဟာ
ရက်ရက်စက်စက်ပဲ။
မမြဲရာ မကုန်ရာ
လောကလမ်းမလယ်ကြား
မျက်လုံးကလယ်နဲ့
ရှည်လမျော သံသရာကြီးထဲ
မရှိလာမယ့်
မျှော်လင့်တောင့်တသမျှအရာရာ။
မောဟ အထပ်ထပ်မှာ
လှောင်ပိတ်ရင်း
လောဘ ဒေါသ ကာဗွန်ငွေ့တွေနဲ့
ကမ္ဘာဟာ အသက်ဆုံးခဲ့။
ချစ်မြတ်နိုးခြင်းအသီးသီးကုန်ခဲ့တဲ့အခါ
အမုန်းတပ်သားတွေ ခေါင်းထောင်လာကြတယ်၊
တစ်ဖက်သက်မှာ ပူလောင်ခဲ့သမျှ
အမုန်းတွေဟာ အဆိပ်ပင်အဖြစ်ကြီးလာခဲ့
ဆိုခဲစေ မြဲစေ
အချစ် ကမ္ဘာဆုံးပါစေ။

နေသစ်သွေး
မတ် ၂၁/၂၀၂၀

"လွမ်းနာကျန်ရစ်သူများအကြောင်း" အက်ဆေးပေါင်းချုပ်Where stories live. Discover now